ပိုင်လျို ဗင်ကား၏နောက်ဆုံးတန်းခုံတွင်
လဲလျောင်းလျက်လိုက်ပါလာ၏ ။ထိုင်ခုံနေရာက ကျဉ်းမြောင်းလှသည်ဖြစ်ရာ ဗိုက်အောင့်ချင်သလိုလို ကြွက်တက်ချင်သလိုလိုဖြစ်လာသည်။သက်သာလိုသက်သာငြား ဟိုဘက်ဒီဘက်လှည့်လိုက်စဉ် သူ့အင်္ကျီအိတ်ကပ်ထဲမှ ဆွဲကြိုးတစ်ခုထွက်ကျလာ၏ ။သူ့ကိုယ်ပေါ်ရှိအဝတ်အစားများက ဂိမ်းထဲမဝင်ခင်က သူဝတ်စားထားသည့်ပုံစံအတိုင်း မပြောင်းမလဲရှိနေဆဲ.... အင်္ကျီအဖြူလက်ရှည် နှင့် အနက်ရောင်ဘောင်းဘီရှည်တို့သည် လူမှုနယ်ပယ်အတွင်း အများဆုံးဝတ်လေ့ရှိသည့် ဝတ်စားဆင်ယင်မှုတစ်ခုဟုဆိုနိုင်သည်။ဤဆွဲကြိုးသာ အပိုပါလာခြင်းဖြစ်၏ ။
ဆွဲကြိုးလော့ကတ်အဖြစ် ဒေါ်လာဒင်္ဂါးပြားတစ်ခုကိုအပေါက်ဖောက်ထားကာ ကြိုးနှင့်သီကုံးထားခြင်းဖြစ်သည်။ပိုင်လျှို လက်လှမ်း၍ သုံးဖက်မြင်ဖန်သားပြင်ကိုအထက်အောက်ပွတ်ဆွဲကာ ဤဒင်္ဂါးပြား၏အချက်အလက်ကိုရှာသော်လည်း မတွေ့ပေ။အချက်အလက်တွေက ယခင်အတိုင်း မပြောင်းမလဲတည်ရှိနေဆဲပင်။
ကြည့်ရတာ ဂိမ်းမန်နေဂျာလိုပုံစံမျိုးဖြစ်ရမည်။
ပိုင်လျို ဆွဲကြိုးအား အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ဒီလိုမျိုး အပြစ်အနာအဆာရှိတဲ့ ဒင်္ဂါးပြားတွေကို သူ သဘောမကျပေ။
နောက်ဆုံးခုံတွင် လဲလျောင်း၍လိုက်ပါလာသော ပိုင်လျိုမှာ ဆက်လက်သည်းမခံနိုင်တော့သဖြင့် ထထိုင်လိုက်၏ ။လူခုနှစ်ယောက်စီးလို့ရသည့်ဗင်ကားထဲတွင် နောက်ထပ် လူလေးယောက်ကို တွေ့လိုက်ရသည်။ထိုထဲမှတစ်စုံတစ်ယောက်က သူ့ကို သတိထားမိသွားပြီး အံ့ဩတကြီးဆိုလာသည်။
"ဟေး...အချစ်လေးပိုင်လျို...နောက်ဆုံးတော့ ရှင် နိုးလာပြီပေါ့လေ !"ပိုင်လျိုကလွဲ၍ ကျန်လေးယောက်မှာ နိုင်ငံခြားသားများဖြစ်ဟန်တူသည်။သူ့အား အချစ်လေးပိုင်လျိုဟုခေါ်လိုက်သောသူမှာ အမျိုးသမီးငယ်လေးတစ်ယောက်ပင်။ထိုမိန်းမပျိုလေး၏မျက်လုံးများသည် အညိုရောင်ဖြစ်ပြီး နီရဲနေသောနှုတ်ခမ်းနီကိုဆိုးထားကာ အညိုရောင်လှိုင်းတွန့်ဆံပင်နှင့် ကြည့်၍ကောင်းနေ၏ ။ချိန်းကြိုးပါသော ခပ်ဟော့ဟော့ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်က သူမကို တစ်မျိုးတစ်ဖုံကြည့်လို့ကောင်းသွားစေသည်။
YOU ARE READING
ထိတ်လန့်စရာသည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် (BL)
HorrorAuthor - blnovelreader- k ခေါင်းစဉ်- သည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါ နတ်ဘုရားဖြစ်လာခဲ့တယ် ပိုင်လျှိုအလုပ်ဖြုတ်ခံလိုက်ရပြီးနောက် သူသည် မကောင်းဆိုးဝါးမျိုးစုံ ၊ ကစားသူအချင်းချင်းသတ်ဖြတ်ခြင်းနှင့်ပြည့်နှက်နေသော တိုက်ရိုက်ထုတ်လွှင့်သည့်ထိတ်လန့်စစရာသည်းထိတ...