Arc (1) Ch 1 - Siren Town

289 38 4
                                    


Chapter 1: Siren Town

ပိုင်လျိုနှိုးလာသောအခါတွင် ‌ကားနောက်ခန်း၌ ထိုင်နေသည်ကို သတိပြုမိလိုက်၏ ။

ကားအတွင်းပိုင်းသည် အနည်းငယ်အိုဟောင်းနေပြီး ‌ထိုင်ခုံများဆီမှ အောက်သိုးသိုးအနံ့ကိုတောင် ရနေခဲ့သည်။လက်တွေ့ဆန်တာဆိုလို့ စီးကရက်အနံ့ ပျံ့လွင့်နေတာပဲဖြစ်၏ ။

အပြင်ဘက်တွင်မိုးသည်းထန်စွာရွာသွန်းနေပြီး မိုးစက်မိုးပေါက်များက ပြတင်းပေါက်မှန်ကိုလာရောက်ရိုက်ခတ်နေသည်။ထိုမိုးစက်မိုးပေါက်များက ပြတင်းပေါက်မှန်မှတဆင့် အောက်သို့စီးကျနေသည်ကို မပီပြင်ဝိုးတဝါးမြင်နေရ၏ ။

ကောင်းကင်တစ်ခွင်လုံး မည်းမှောင်လို့နေကာ နေဝင်ရီတရောအချိန်လား ညအချိန်လားဆိုတာ ပြောဖို့ခက်လှသည်။ရုတ်တရက် နှာခေါင်းထဲ ငါးညှီနံ့ရလိုက်တာကြောင့် ပိုင်လျှို့စိတ်ထဲ မအီမသာဖြစ်လာသည်။

သူ့ရှေ့တွင် [Game Instructions] ဟုရေးသားထားသော ဖောက်ထွင်းမြင်နိုင်သည့်သုံးဖက်မြင်ဖန်သားပြင်တစ်ခု ပေါလောပေါ်နေသည်။

ဒီနေရာက ဘာလဲ ? သူဘာလို့ဒီမှာရှိတာလဲ ? ဒီမျက်နှာပြင်ကရော ဘာကြီးလဲ ?

သူ့အတွေးတွေကို ဖောက်မြင်နေရသည့်အလား ....သုံးဖက်မြင်ဖန်သားပြင်ကြီးက သူသိလိုသမျှတွေကို ဖြေပေးလာသည်။

[ သင် အခု deadly game တစ်ခုထဲမှာ ရောက်နေတာဖြစ်တယ်။ဘာလို့ ဒီကိုရောက်လာတာလဲဆိုတော့ သင် အလုပ်ဖြုတ်ခံလိုက်ရပြီးကတည်းက ငွေလိုချင်စိတ်အရမ်းပြင်းပြလာလို့ပဲ။ သင့်စိတ်ဆန္ဒက အရမ်းပြင်းထန်လွန်းတဲ့အတွက်ကြောင့် ဂိမ်းဆော့ဖို့လိုအပ်ချက်တွေနဲ့ကိုက်ညီသွားတဲ့အတွက် ဒီကိုရောက်လာခြင်းဖြစ်တယ် ]

သုံးဖက်မြင်ဖန်သားပြင်ကြီးပေါ်တွင် စကားလုံးများ တစ်ခုပြီးတစ်ခုပေါ်လာသည်နှင့်အမျှ ပိုင်လျိုသည်လည်းပဲ သူ့ဖြစ်အင်ကို ပြန်သတိရသွားခဲ့သည်။

ဟုတ်သား....ငါ အလုပ်ဖြုတ်ခံလိုက်ရတာပဲ !

သူက ငွေလို(ရှာ)ချင်စိတ် အရမ်းပြင်းပြတဲ့လူတစ်ယောက်။ငယ်စဉ်ကလေးဘဝကတည်းက ပုံမှန်မဟုတ်တသည့် မသမာတဲ့နည်းလမ်းနဲ့ရတဲ့ငွေကို ပိုနှစ်သက်ခဲ့သည်။

ထိတ်လန့်စရာသည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် (BL)Where stories live. Discover now