ရှင်းလင်းချက်

73 19 4
                                    

ဒါဒါလေးတစ်ယောက်က အဇူး ဒီဇာတ်လမ်းဘာသာပြန်တာကို war မဖြစ်ရအောင် အကြံလာပေးလို့ အဇူး ဒီရှင်းလင်းချက်ကို ရေးရတာပါ။အဲ့ဒါဒါလေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့။

အဇူး လွန်ခဲ့တဲ့ ၆လက ဒီဇာတ်လမ်းလေးကို Etran ကနေ စသိခဲ့တာပါ။ Arc 1 ဖတ်ပြီးပြီးချင်းသဘောကျလို့ picked ခဲ့ပါတယ်။ဒါပေမဲ့ အပိုင်း ၃ ထိပဲတင်ရသေးတယ်။အဇူးထက် ဘာသာပြန်တဲ့ကျဲကျဲရှိနေမှန်း သိလိုက်ရတယ်။သူက 2023 ကတည်းက ပြန်ထားတာ။အပိုင်းက ၂၀ကျော်ပြီး arc 1 ပြီးလုနီးပါးပဲ။အဇူးရှာတွေ့တဲ့အချိန်မှာ အဲ့ကျဲကျဲက update မလာတာကြာပြီ။ဒီတော့ အဇူး ဆက်ပြီးပြန်ရမလား ၊ မပြန်ရဘူးလား တွေဝေနေတုန်း ဒုတိယဘာသာပြန်ကျဲကျဲကို ထပ်တွေ့ပါလေရော။

ဒုတိယကျဲကျဲက ပထမဘာသာပြန်သူထံ သွားပြီး ခွင့်ပန်ခဲ့တယ်တဲ့။သူလည်း အပိုင်း ၃ ၄ ပိုင်းထိပဲ တင်ရပါသေးတယ်။အရမ်းတော့ မများသေးဘူးပေါ့နော်။

အဲ့မှာ ပထမဘာသာပြန်သူက ဒုတိယကျဲကျဲထံ စာပြန်လာတယ်။စစ်ရှောင်နေရလို့ စာတင်ဖို့အခက်အခဲဖြစ်နေတဲ့အကြောင်းနဲ့ ... သူ ဘေးလွတ်ရာရှောင်နိုင်တဲ့အချိန် ဒါမှမဟုတ် သူအဆင်ပြေတဲ့အခါကျ update တွေအများကြီးနဲ့ပြန်လာပါ့မယ်ဆိုပြီ စာပြန်ခဲ့တာ။

အဲ့တော့ အဇူးလည်း လက်ရှောင်ခဲ့တယ်။ဘာလို့ဆို အခုတွေ့နေမြင်နေရသမျှတွေက ဘာမဟုတ်တာလေးတွေနဲ့ warထဖြစ်နေတာကိုး။ War ဖြစ်မှာကိုမကြောက်ပါဘူး...အဓိကက rpထုခံရပြီး acc ပျက်မှာကြောက်တာပါ။တင်ထားသမျှတွေက နည်းတာမှ မဟုတ်တာဘဲလေ နော့။

စစ်ရှောင်နေရတဲ့အတွက် ဘယ်အချိန်မှ wpလောကထဲ ပြန်ဝင်လာမလဲဆိုတာ အဇူးမသိဘူး။အဲ့တော့ ထပ်စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။

နောက်ခြောက်လထပ်ကြာတဲ့အထိ ပထမဘာသာပြန်ကျဲကျဲ ထပ်ပေါ်မလာလို့ အဇူး ထပ် pick လိုက်တာပါ။ဒါဒါလေးတစ်ယောက် လာတောင်းဆိုတာလည်းပါတာပေါ့။

ဆိုတော့ ဒီနေရာမှာ အဇူးတစ်ခုပြောချင်တာက အကယ်၍များ ပထမဘာသာပြန်သူပေါ်လာခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါလို့။နှစ်ယောက်ပြန်ဖြစ်‌သွားခဲ့ရင်တောင် စာဖတ်သူတွေက ကိုယ်ကြိုက်နှစ်သက်ရာမှာ သွားဖတ်ပြီးအားပေးနေလို့ရပါတယ်လို့။စိတ်မဆိုးဖို့နဲ့ ပြဿနာတွေမဖြစ်စေဖို့ မျှော်လင့်မိပါတယ်လို့။

အဇူးကတော့ ထပ် dropped ဖို့ မလုပ်တော့ပါဘူး။E လိုဖတ်တာထက် မြန်မာလိုပြန်ပြီး ဖတ်ရတာက ပိုအဆင်ပြေချောမွေ့တာမို့ ကြိုက်တဲ့အချိန်ကောက်ဖတ်လို့ရအောင် သိမ်းထားချင်တဲ့သဘောပါ။ဒါ့ကြောင့် ပထမဘာသာပြန်ကျဲကျဲ ပေါ်လာရင်တောင် အဇူးဘက်က ဖျက်ချပေးမှာမဟုတ်ပါဘူး။စည်းကျော်သလိုဖြစ်သွားရင် ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်ရှင့်။

ဘာလို့ဆို ကိုယ့်မျက်စိရှေ့ IQ team အဖွဲ့က ခဏခဏ rp မိပြီး acc တွေ ပျက်ခဲ့တာနဲ့ကြုံပြီး အဲ့လိုဖြစ်မှာကြောက်လို့ပါ။အဲ့တုန်းက IQ team,အဖွဲ့သားတွေက accသစ်ဖွင့်လိုက် ထပ်ပျက်လိုက်အခြေအနေမို့ wp ထပ်မသုံးတော့ဖို့အထိတောင် ဖြစ်သွားခဲ့ရတာဆိုတော့လေ။

အဇူးလည်း အဲ့လိုဖြစ်မှာကြောက်လို့ရယ်။
Wpလောကြီးကို စိတ်ကုန်မသွားချင်ဘူး‌ လေ.⁠·⁠´⁠¯⁠'⁠(⁠>⁠▂⁠<⁠)⁠´⁠¯⁠'⁠·⁠.

သတိလာပေးတဲ့ ဒါဒါလေးကြောင့်သာ မဟုတ်ရင် အဇူးက မရှင်းပြတော့ဘဲ ကျော်သွားမလို့လုပ်နေခဲ့တာရယ်😅😅😅

ထိတ်လန့်စရာသည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် (BL)Where stories live. Discover now