Ch 4

67 12 2
                                    

ပထမဦးဆုံးအကြိမ် စနစ်မှ ပိုင်လျို့အား တာဝန်ပေးအပ်လာသည်။သို့သော် ပိုင်လျိုကမူ ယင်းမစ်ရှင်အကြောင်းကို အာရုံမစိုက်နိုင်သေး။သူ့အကြည့်တွေက "‌သန္ဓေသားလောင်းပေါက်ဖွားခြင်းကိုရှောင်ကြဉ်ရန်"ဟူသည့် အဆိုပါစကားလုံးထံ၌ ကျရောက်နေကာ လေးလေးနက်နက်ဆင်ခြင်တွေးတောနေသည်။

......ပေါက်ဖွားခြင်း?

ကျစ်...သန္ဓေသားလောင်းပေါက်ဖွားတာကို ရှောင်ကြဉ်ရမယ်ဆိုတော့ ဒီရုပ်ထုတွေက သူ့ကို သားဖောက်ချင်နေတယ်လို့မပြောနဲ့ ?

ထိုအတွေးဝင်လာသည်နှင့်တပြိုင်နက် သူ့အကြည့်လားရာက ကုတင်ဘေးတစ်ဖက်ခြမ်းတွင်ရှိသော ရေသူမရုပ်ထုထံ ကျရောက်သွားသည်။ထိုရေသူမရုပ်ထုသည် ပိုင်လျှို့အခန်းအတွင်းရှိ တခြားရေသူမရုပ်ထုများထက် အဆမတန် ပိုကြီး၏ ။ရေသူမမျက်နှာက လှပသော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းနည်းပူဆွေးနေပုံရသည်။ ရေသူမရုပ်ထု၏လက်ချောင်းသွယ်လျလျလေးတွေက ကြီးမားသောမှန်ဝိုင်းချပ်ကြီးတစ်ချပ်အား ဂရုတစိုက်ကိုင်တွယ်ထားလေသည်။

ဤရုပ်ထုမှာ ပိုင်လျို့အား ကြည့်မနေသော တစ်ခုတည်းသော ရေသူမရုပ်ထုကြီးပင်။မှန်ထဲ၌ ပိုင်လျို့၏ပုံရိပ်သို့ရောင်ပြန်ဟပ်နေပြီး... မသိလျှင် ရေသူမရုပ်ထုက သူ့ကိုပွေ့ဖက်ထားသည့်နှယ်....ဒါက သူ့အား အတော်လေးနေရခက်စေသည်။

ရေသူမရုပ်ထုသည် မျက်လွှာချကာ မှန်မျက်နှာပြင်ကိုကြည့်နေပုံရပြီး အမြီးကိုမူ ကြမ်းပြင်ပေါ်သို့ အားလျော့စွာငိုက်စိုက်ကျထားသည်။သူမသည် မှန်ထဲတွင်ပုံရိပ်ထင်နေသောသူအား အမှန်တကယ်သနားဂရုဏာသက်နေပုံပေါ်သည်။

မှန်ထဲတွင်ပေါ်နေသော သူ့ပုံရိပ်အား ပိုင်လျိုပြုံးပြပြီးနောက် မှန်အား အဝတ်ဖြူတစ်ခုနှင့်ဖုံးအုပ်လိုက်လေသည်။

ဤထိတ်လန့်စရာမြင်ကွင်းသည် ပိုင်လျို့အတွက်တော့ ထိရောက်မှုမရှိပါချေ။ပြင်ပကမ္ဘာတွင် သူသည် ထိတ်လန့်‌ဖွယ်ရာသည်းထိတ်ရင်ဖိုဂိမ်းများ၏ခြောက်ခြားဖွယ်မြင်ကွင်းများကိုပုံဖော်ရန် မနက် ၂ နာရီ (သို့) ၃ နာရီအထိ တစ်ယောက်တည်း နေခဲ့ကာ ဒီဇိုင်းဆွဲလေ့ရှိသည်။ထို့ကြောင့် မှန်ထဲမှ ပြုံးနေသောပုံရိပ်အားမြင်သော် ကျင့်သားရနေသည့်အလား ဘာကိုမှထွေထွေထူးထူးမခံစားရပေ။

You've reached the end of published parts.

⏰ Last updated: Oct 21 ⏰

Add this story to your Library to get notified about new parts!

ထိတ်လန့်စရာသည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် (BL)Where stories live. Discover now