Chapter 3
ပိုင်လျို ဂျက်ဖ်၏အကြည့်နောက်သို့လိုက်ကြည့်လိုက်ရာ ရေသူမရုပ်ထု၏စကျင်ကျောက်မျက်လုံးများသည် မျက်လွှာချလျက် ရေမျက်နှာပြင်ကိုသာ စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဂျက်ဖ်အော်သံကြောင့် အန်ဒရီလန့်သွားကာ ဒေါသတကြီးဖြင့် ဂျက်ဖ်၏ဦးခေါင်းအားပိတ်ရိုက်၍
"ဖာ့ခ် ! ဘယ်တုန်းက လှုပ်သွားတာလဲ ! ဘာမှမလှုပ်ဘူးကွ ! နောက်တစ်ခါ အကြောင်းပြချက်မရှိဘဲ လျှောက်အော်နေမယ်ဆိုရင် မင်းအသံကြိုးတွေပျက်စီးသွားတဲ့အထိ ငါလုပ်ပစ်မယ် ....မယုံရင် စောင့်ကြည့်လိုက် !"
ဂျက်ဖ် အန်ဒရီရိုက်လိုက်သည့်ဦးခေါင်းကိုပွတ်သပ်ရင်း အန်ဒရီအားကြောက်လန့်တကြားကြည့်ကာ ပွစိပွစိဖြင့်ခပ်တိုးတိုးရေရွတ်နေသည်။
"သူမ လှုပ်သွားတယ်။သူမ တကယ်လှုပ်သွားတာပါဆို.."
လူစီခပ်တောင့်တောင့်ပြုံးကာ ဂျက်ဖ်၏ပွစိပွစိလုပ်နေသည်ကို ဝင်နှောင့်ယှက်လိုက်သည်။
"ဂျက်ဖ်... ရေသူမရုပ်တု လှုပ်သွားတာကို ရှင် တကယ်မြင်လိုက်တာ သေချာရဲ့လား ? ရေသူမမျက်လုံးကဖြင့် မျက်ဆန်မပါဘူးလေ...ရှင့်ကို ဘယ်လိုလုပ်ပြီး လိုက်ကြည့်နိုင်မှာလဲ"
၎င်းသည် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသောရေသူမရုပ်ထုဖြစ်ပြီး မျက်လုံးပါရှိသော်လည်း မျက်ဆန်မပါရှိပေ။ဟိုတယ်ရှေ့တွင် မျက်ဆန်မပါသောရေသူမရုပ်ထုထားရှိသည်မှာ သရဲတစ္ဆေတစ်ကောင်၏တည်ရှိမှုအလားပင်....
"မင်း သတိမထားမိဘူးလား?"
ဂျက်ဖ်အသံက ပိုတိုးညှင်းလာပြီး တုန်ယင်နေသည်။
"ငါတို့ကား သွားရာနောက် ရေသူမရုပ်တုကြီးက လိုက်ကြည့်နေတာ....သူမ မျက်လုံးတွေ တကယ်ကြီး ရွေ့လျားနေတာပါဆို"
"အိုး...အဲ့ဒါက တခြားတစ်ခုခုဖြစ်မယ်ထင်တယ်"
နောက်ဆုံးတော့ လူစီ စိုးရိမ်ကြောင့်ကြစိတ်တွေမရှိတော့ဘဲ သက်တောင့်သက်သာဖြစ်သွားသောအပြုံးလေးဖြင့်
"ဒါက Mona Lisa ပန်းချီကားလိုမျိုးနဲ့တူတယ်မဟုတိလား ? ရှင် သူ့ကို ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ရှင်ကြည့်တဲ့ဘက်ကို သူ ပြန်စိုက်ကြည့်နေမှာပဲလေ"
YOU ARE READING
ထိတ်လန့်စရာသည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါနတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ် (BL)
KorkuAuthor - blnovelreader- k ခေါင်းစဉ်- သည်းထိတ်ရင်ဖိုဂိမ်းတွေမှာ ငါ နတ်ဘုရားဖြစ်လာခဲ့တယ် ပိုင်လျှိုအလုပ်ဖြုတ်ခံလိုက်ရပြီးနောက် သူသည် မကောင်းဆိုးဝါးမျိုးစုံ ၊ ကစားသူအချင်းချင်းသတ်ဖြတ်ခြင်းနှင့်ပြည့်နှက်နေသော တိုက်ရိုက်ထုတ်လွှင့်သည့်ထိတ်လန့်စစရာသည်းထိတ...