အခန်း (၂)

395 59 14
                                    

အချိန်ကား ည ရှစ်နာရီလောက်တော့ရှိနေပြီဖြစ်သည်။ သို့သော် Blue Star Night Club မှာမူ လူများစည်ကားနေသည်။ ညအချိန်တွင် Club မှာအပျော်ရှာသူများဖြင့် ပြည့်နှပ်နေသည်။ ထို Club ရှိ VIP room တွင်ရှိသော မိုးကလျာမှာ သူမရဲ့ ချစ်သူဖြစ်သော ဇေရဲနှင့်အတူပျော်ပါးနေလေသည်။

"ဇေရဲ ငါ့ကို ဆေးပေးစမ်း! ငါ မရတော့ဘူး"

"ကလျာ တော်ပါတော့ကွာ။ မင်း ဆေးသုံးတာတော်တော်များနေပြီ! အလွန်အကျွံသုံးရင် မင်းအတွက် အန္တရာယ်ရှိနိုင်တယ်"

ဇေရဲက ချစ်သူအတွက် စိတ်ပူကာပြောသော်လည်း ဆေးအရှိန်အတော်အသင့်ရနေပြီဖြစ်သော မိုးကလျာကမူ ဇေရဲကို မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်လေသည်။

"နင် ငါ့အတွက် ဘာမှစိတ်ပူစရာမလိုဘူး! ပေးမှာသာပေးစမ်းပါ"

မိုးကလျာက ထိုသို့ပြောပြီး စိတ်ကြွဆေးကို ဇေရဲဆီမှ မရမကတောင်းယူလေသည်။ ဇေရဲလည်း မတတ်သာသည့်အဆုံး နောက်ဆုံးကျန်ရှိနေသော ဆေးထုပ်ကိုပေးလိုက်လေသည်။ ဇေရဲဆီမှ ဆေးထုပ်ကိုရတော့ မိုးကလျာလည်း အငမ်းမရနဲ့ ရှုရှိုက်ကာ မျက်လုံးကိုအသာမှိတ်ပြီးလူလောကစည်းစိမ်ကိုခံစားလေသည်။

"ဟားးး! တောက်! ရှယ်ဘဲကွာ! နတ်ပြည်ကိုရောက်သွားသလိုဘဲ"

မိုးကလျာရဲ့ ပုံစံကိုကြည့်ပြီး ဇေရဲလည်း တဏှာရမ္မက်ခိုးဝေနေသောမျက်နှာဖြင့် သူမရဲ့အနားကိုတိုးကပ်သွားကာ သူမရဲ့ ပါးပြင်အနှံ့ကိုနမ်းရှိုက်လိုက်လေသည်။

ထိုအတောအတွင်း Club ထဲသို့ ချောမောလှပသော မိန်းမချောလေးတစ်ယောက်ရောက်ရှိလာကာ Club ထဲရှိ ကခုန်နေသော လူများကိုတစ်ချက်ကြည့်လိုက်လေသည်။ ပြီး bar ကောင်တာသို့သွားကာ cocktail တစ်ခွက်ကိုမှာလိုက်ရင်း ကခုန်နေတဲ့သူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြန်သည်။ ထိုစဥ် သူမ၏ အနားသို့လူတစ်ယောက်ရောက်လာပြီး သူမကိုတစ်စုံတစ်ခုပြောလိုက်လေသည်။ ထိုသူ၏ စကားအဆုံး၌ ထိုမိန်းမချောလေး၏ မျက်နှာမှာဝင်းပသွားကာ နှုတ်ခမ်းပါးလေးက အေးစက်စက်တစ်ချက်ပြုံးပြီး bar ကောင်တာမှထွက်ခွာခဲ့လိုက်၏။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (2) 🌷💖Where stories live. Discover now