အခန်း (၆)

180 34 8
                                    

အပေါ်ဆုံးထပ်ရှိ CCTV room နှင့်စက်ခန်းသို့ရောက်ရှိနေသော သျှားတစ်ယောက်မှာလည်း ဓာတ်လှေကားပျက်ရသည့်အကြောင်းရင်းကိုရှာဖွေနေလေသည်။ သို့သော် အဖြေကရှာမရ။ ဘာလည်းဟ။ ဓာတ်လှေကားက မီးလည်းမပျက်ဘဲနဲ့ အလိုလိုရပ်တန့်သွားစရာအကြောင်းမှမရှိတာ။ သျှားလည်း ဓာတ်လှေကားတည်ဆောက်ခဲ့သည့်ခုနှစ်နဲ့ အသုံးပြုထားသည့်ပစ္စည်းများကိုရှာဖွေကြည့်လိုက်သော် ဆောက်ထားတဲ့ပစ္စည်းတွေက အရည်အသွေးကောင်းတာတွေချည်းဘဲဖြစ်နေလေသည်။ နောက်ပြီး Tulip Group ရုံးချုပ်ကို တည်ဆောက်ခဲ့တာ လွန်ခဲ့တဲ့ရှစ်နှစ်ခန့်ကဖြစ်နေသည်။ ဒါဆို ဓာတ်​လှေကားက စက်ချို့ယွင်းစရာဘာအကြောင်းနဲ့မှမရှိတာ။ သျှားလည်း CCTV မှတ်တမ်းကိုတစ်ချက်ပြန်ကြည့်လိုက်သော် ပျက်နေမည့်ဓာတ်လှေကားထဲကိုအရင်ဦးဆုံးမျက်မှန်အနက်နဲ့မိန်းကလေးအရင်ဝင်သွားသည်။ နောက်ပြီး တတိယထပ်ကိုရောက်တော့ မေ ကဝင်သွားသည်။ ဒါဆိုပုံမှန်ပါဘဲ။ နောက်ပြီး ဓာတ်လှေကားထဲတွင်တပ်ဆင်ထားသော CCTV ကိုတစ်ချက်ပြန်ကြည့်လိုက်လေသည်။ သို့သော် ဓာတ်လှေကားအိမ်ထဲတွင်ရှိနေသော CCTV မှာ ဓာတ်လှေကားအိမ်ထဲတွင်ပိတ်မိနေသာ မေ နှင့် ထိုမိန်းကလေးနှစ်ယောက်ရဲ့ အဖြစ်အပျက်များကိုမှတ်တမ်းတင်ထားခြင်းမရှိပါ။ ဘာလည်း။ ဓာတ်လှေကားအိမ်ထဲမှာရှိတဲ့ CCTV ပါပျက်သွားတာလား။ သျှားလည်း စဥ်းစားရကျပ်စွာဖြင့် Sunny ဆီကိုဖုန်းခေါ်လိုက်လေသည်။ ဟုတ်တယ်လေ။ နည်းပညာနဲ့ပတ်သတ်ရင် Sunny က သျှားထက်ပိုသိတာကိုး။

"ဟဲလို မမလေး။ အမိန့်ရှိပါ"

"အေး Sunny။ အခုချက်ချင်း Tulip Group ရုံးချုပ်ကိုလာခဲ့ပေးပါလား။ အရေးကြီးနေလို့"

သျှားကထိုသို့ဆိုလိုက်တော့ တစ်ဘက်က sunny လည်း နှိပ်လက်စကွန်ပျူတာကိုရပ်လိုက်ကာ သျှားကိုချက်ချင်းအဖြေပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ မမလေး။ Sunny အခုချက်ချင်းလာခဲ့ပေးပါ့မယ်"

Sunny လည်းထိုသို့ပြောပြီးဖုန်းကိုချလိုက်လေ၏။ ပြီး ဘေးနားတွင်ရှိနေသော ယက္ခကိုတစ်ချက်ပြောလိုက်၏။

"ယက္ခ ဒီလူယုတ်မာတွေရဲ့ အခြေအနေကို လျှို့ဝှက်ကင်မရာကနေတစ်ဆင့် စောင့်ကြည့်ထားပါ။ နောက်ပြီး လူယုတ်မာတွေရဲ့အိမ်အနားမှာနေပြီး လူအဝင်အထွက်ကိုလည်းစောင့်ကြည့်ဖို့ ဂိုဏ်းသားနှစ်ယောက်ကိုတာဝန်ပေးထားလိုက်။ငါပြောတာသဘောပေါက်တယ်နော်"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (2) 🌷💖Where stories live. Discover now