အခန်း (၃)

297 39 4
                                    

မနက်ခင်းရောင်နီလာသောအခါ နှစ်ခြိုက်စွာအိပ်မောကျနေသော သျှားရဲ့မျက်လုံးလေးက အလိုက်သိစွာဖွင့်ဟလာခဲ့သည်။ မိမိရဲ့ရင်ခွင်ထဲတွင်တော့ မြတ်နိုးရသော ချစ်ဇနီးလေးရှိနေလေသည်။ ထို့ကြောင့် သျှားတစ်ယောက် ချစ်ဇနီးလေးကိုရင်ခွင်ထဲမှ ညင်သာစွာဖယ်လိုက်ကာ ချစ်ဇနီး​လေးရဲ့ကိုယ်ပေါ်သို့စောင်ကိုလွှမ်းခြုံပေးလိုက်လေသည်။ ပြီး ပါးပြင်လေးကိုညင်သာစွာနမ်းရှိုက်လိုက်၏။ ထို့နောက် ကုတင်ပေါ်မှဆင်းလိုက်ကာ ချစ်ဇနီးလေးစားဖို့မနက်စာပြင်ပေးရမယ်မဟုတ်ပါလား။ ထို့ကြောင့် သျှားလည်း မနက်စာပြင်ရန်အတွက်အောက်ထပ်သို့ဆင်းလာခဲ့လေသည်။

အောက်ထပ်သို့ရောက်သောအခါ ကြီးကြီးမိုးက ဆီးကြိုကာမေးလိုက်လေသည်။

"သမီးလေး သျှား ဒီနေ့ မုန်ဟင်းခါးချက်မလို့ဆို။ ကြီးကြီးမိုးအကုန်လုပ်ပြီးသွားပြီ။ သမီးအဆင်သင့်ချက်လိုက်ရုံဘဲ"

"ဟုတ် ကြီးကြီးမိုး ဒါဆို သမီးစချက်လိုက်တော့မယ်နော်"

ဒီနေ့မနက်စာကိုတော့ သျှားက မေ့ အကြိုက်မုန်ဟင်းခါးချက်ကျွေးမယ်စိတ်ကူးထား၏။ ထို့ကြောင့် မနေ့ကတည်းက ကြီးကြီးမိုးကိုကြိုပြောထားလေသည်။ ကြီးကြီးမိုးကလည်း မနေ့ညနေကတည်းက စျေးသွားပြီးမုန်ဟင်းခါးချက်ရန်အတွက်လိုအပ်တာမှန်သမျှကို အကုန်ဝယ်ထားလေသည်။ ပြီး အခုမနက်တွင် သျှား အဆင်သင့်ချက်ပြုတ်နိုင်ရန်အတွက်လိုအပ်တာမှန်သမျှအသင့်ပြင်ထားပေးလေသည်။ သို့ဖြင့်သျှားတစ်ယောက် မုန့်ဟင်းခါးကိုချစ်ဇနီးလေးအ​ကြိုက်မမောနိုင်မပန်းနိုင်ချက်ပြုတ်နေပါသည်။

အိမ်ရှေ့ဧည့်ခန်းက TV ဆီမှ သတင်းရုပ်သံတစ်ခုကြောင် မုန့်ဟင်းခါးချက်ပြုတ်နေသော သျှားရဲ့နှုတ်ခမ်းလေးက အေးစက်စက်တစ်ချက်ပြုံးလိုက်လေသည်။ မိုးကလျာဆိုတဲ့ ငနဲမတစ်ကောင်တော့ Jail ကို သွားပြီ။ နောက်ထပ် ပစ်မှတ်သားကောင်တွေကျန်သေးတယ်။ လူယုတ်မာတွေကိုတစ်ယောက်မကျန်အကုန်ရှင်းပစ်မယ်။ သျှားတစ်ယောက်စိတ်ထဲထိုသို့တွေးပြီး ချစ်ဇနီးလေး မေ တစ်ယောက်နိုးလာရင်အဆင်သင့်စားနိုင်ရန် မနက်စာကိုပြင်ဆင်နေလေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (2) 🌷💖Where stories live. Discover now