ch.19

345 9 0
                                    

"မေမေတို့ပြန်လာကျပြီး ဟန်နီလာ "

ဇေမှဟန်နီလွင်လက်ကိုဆွဲတာ အိမ်ရှေ့တွင်စောင့်နေသည်။

"ဟန်နီလွင် နင် အိမ်မပြန်ဘူးလား"

အိမ်ထဲကိုဝင်လာသည့် မေယျာရတီအောင်စကားကြောင့် လန့်သွားသော ဟန်နီလွင်။

"ဟို...ဟို...ငါ"

"မဟုတ်ဘူးမား သမီး မနေ့က မမဟန်နီ အရမ်းကြိုက်တဲ့မင်းသားကားအသစ်ထွက်တော့ သမီးအခန်းထဲမှာကြည့်ရင်းနဲ့အိပ်ပျော်သွားတာ ဟီးနော်"

"ဟုတ်...ဟုတ် တယ်"

ဇေမှစကားဖြတ်ပြောပေးကာ ။ လိမ်တာမကြိုက်သောမေယျာရတီအောင်အကြောင်းသိသောသန်နီလွင်သည်လု့းဝကိုပင်ထိတ်လန့်နေတော့သည်။

"ဒါနဲ့အင်္ကျီက "

နန်းအိန္ဒရေ စကားကြောင့်။ ဇေမှထပ်ပြီးတော့

"သမီးရုပ်ရှင်ကြည့်ရင်းနဲ့ အအေး မတော်မဆ မမဟန်နီလွင် ဆီမှောက်သွားတာ မေမေ အဲ့ဒါကြောင့် မမကို ခဏ သမီးအင်္ကျီ ငှားထားတာ"

"အော်"

ဇေမှသူမ၏မေမေကိုပြုံးပြုံးလေး ပြန်ဖြေသော်လည်း။ မပြုံးနိုင်သော ဟန်နီလွင်။
*မေရတီသိရင် ငါသတ်တော့မှာ*

*******************************

"နန်း ဒီမာကြည့်"

မေယျာရတီအောင်မှ လိပ်ပြာ ဆွဲကြိုးလေး နန်းကို ထုတ်ပြသည်။

"အဲ့တာခုထိသိမ်းထားတုန်းလား"

"ဟုတ်တယ် လေ စိန်လေးတောင်အရောင်ကျသွားလို့ပြန်လဲထားတယ်  လာဟိုဘက်လှည့်ဝတ်ပေးမယ်"

မေယျာရတီအောင်စကားကြောင် နန်းမှဟိုဘက်လှည့်သည်။ မေယျာရတီအောင်မှသေချာ ဝဝ်ပေးနေတော့သည် ထိုဆွဲကြိုးလေးကို။

"မှန် ထဲသွားကြည့်အုန်းမယ်"

"ကြည့်ပါခဗျာ"

နန်းမှမှန်ထဲတွင်ထိုဆွဲကြိုးလေးကိုကြည့်နေတော့သည်။ မေယျာရတီအောင်မှအနောက်ကဖက်ကာ။

"ဆံပင်လေးတွေပွနေတယ် ဆံပင်ဘီးဖီးပေးမယ်"

မေယျာရတီ‌‌ေအာင်စကားကြောင့်ခုံတွင်ထိုင်ကာ ။သူမချစ်ရသောအမျိုးသမီး၏ဆံပင် ကို သေချာဖီးပေးနေသည့။ ထိုနောက် သူမဖီးနေရင်းတန်းလန်း ဆံပင်တွေ ကျွတ်နေတော့သည်။သူမအရမ်းကိုစိတ်မကောင်းပင်ဖြစ်နေတော့သည်။နောင်ကျရ်ုဒီဆံပင်တွေကိုထိလို့ရမှာပင်မဟုတ်တော့ပါ။

Love warWhere stories live. Discover now