ch.16

279 16 0
                                    

*နန်းအဆင်ပြေပါစေ*

ခွဲခန်းအရှေ့တွင်ထိုင်ကာ ဆုတောင်းနေသော မေယျာရတီအောင်။

*ခွဲခန်း*

"လူနာအသက်ရှုမှန်တယ်မလား"

ခင်ရည်ဇော်မှ နန်း၏ ညာဘက် ‌ခြေထောက်တွင် ထိထားသည့်ကျည်ဆန်ကိုထုတ်ကာ ဘေးနာရှိလက်ထောက်ဆရာဝန်တွေကို မေးသည်။

"ဟုတ်မှန်ပါတယ်"

လက်ထောက်ဆရာဝန်တွေကပြန်ဖြေသည်။

"ရပြီး နောက်တစ်ဖက် ထုတ်ဖို့ပြင်မယ်"

ညာဘက်မှထွက်လာသော ကျည်ဆံကို ‌ခွဲစိတ်ပြီးရင်ထွက်လာတဲ့ပစ္စည်းများကိုထည့်ပန်ကန် ထဲသို့ ထည့်လိုက်သည်။
ခနအကြာမှာ ခွဲစိတ်မှုအောင်မြင်သွားပြီး သေနတ်ထိခံရသော နေရာတွင်အပေါက်‌ဖြစ်နေသောကြောင့်စတင်ချုပ်ကာအောင်မြင်သွားသည်။ ထိုနောက် နန်းကိုယ် လူနာအခန်းထဲပြန်သွင်းကြ သည်။

"အခန်းထဲခုထိမဝင်သေးဘူးလား"

ခင်ရည်‌ေဇာ်မှ နန်း၏ လူနာ အခန်း ထဲကထွက်လာကာ ထိုအခန်းအရှေ့ထိ ထိုင်ခုံရှည်ထိုင်နေသော မေယျာရတီအောင်လှမ်းပြောသည်။

"ငါ့...ငါ့ သူကို မဆုံးရှုံးခြင်ဘူး"

မေယျာရတီအောင်မှစတင် မျက်ရည်ကျတော့သည်။သူမသည် ဘယ်တောမှ သူမသူငယ်ချင်းးတွေ‌ေရှ့ကလွဲရင် မငိုတတ်ပါ။သူမ နန်းအရှေ့မှာ ကလေးလိုငိုခဲ့တာ က သူမသူငယ်ချင်းမဟုတ်ဘဲ တခြားသူဆီမှာငိုတာ ပထမဆုံးပင်ဖြစ်သည်။

"ကျစ် မေရတီ ဟာ ငိုပြန်ပြီး လူဆိုတာ အချိန်တန်ရင် သေမှာဘဲ"

ခင်ရည်ဇော်မှ ပြောကာ မေယျာရတီအောင်ဘေးနားမှဝင်ထိုင်သည်။
မေယျာရတီအောင်မှသူမ၏မျက်နှာလေးအောက်ငုံ့ကာ လက်ကလေးဖြင့်ဖုံးပြီး စတင်ငိုကျွေးတော့သည်။

"ငါ...ငါ...သူကို အရမ်းချစ်တာ နင်တို့လဲသိရဲ့သားနဲ့"

ငိုသံလေးနဲ့ပြောနေသော မေယျာရတီအောင်

"အေးပါ...ငါတို့လဲသိပါတယ်"

ချော့မော့စွာပြောဆိုနေသော ခင်ရည်ဇော်

Love warWhere stories live. Discover now