"ဟျောင့် .. မင်းဟာက ဟုတ်မှလဲ လုပ်ပါကွာ"
"ဟုတ်ပါတယ်။ အရင် မြည်းကြည့်ပါဦး"
'ဟုတ်တယ်' ပဲ ပြောနေတဲ့ ဝွန်ဘင်းရဲ့ ဖြောင်းဖြမှုကို အွန်းဆော့ ယုံကြည်ချင်ပေမယ့်လည်း မျက်စိရှေ့မှာ ရှိနေတဲ့ ဟင်းပွဲက အဲ့လို ခံစားချက်ကို ပေးမနေ။
'ကင်ချီကျီဂဲ' ဆိုတဲ့ အရာက ဝက်သားနဲ့ ကင်ချီကို ဝေဝေဆာဆာနဲ့ စားချင်စဖွယ် အရည် မပျစ်မကျဲ နီဝါဝါအရောင်လေး ဖြစ်နေရမယ်မလား။
ဒီကောင် ဝွန်ဘင်းရဲ့ 'ကင်ချီကျီဂဲ' ကတော့ နီကျင့်ကျင့် အရောင် ဟင်းရည်ပျစ်ပျစ်မှာ ဘယ်ဟာက ဝက်သားဖတ်လဲ၊ ဘယ်ဟာက ကင်ချီဖတ်လဲဆိုတာ မသဲကွဲတော့ဘူး။
ဝွန်ဘင်းကို ပြန်ကြည့်မိတော့လည်း သူ့ခမျာ မျှော်လင့်ချက် အပြည့်နဲ့ စားစေချင်သလို ကြည့်နေတာမို့ အွန်းဆော့တစ်ယောက် စိတ်ကို လျော့ချလိုက်ကာ ဇွန်းကို ကောက်ကိုင်လိုက်ပြီး တစ်လုပ် မြည်းကြည့်လိုက်တဲ့ အချိန်မှာတော့ -
"အဟွတ် ဟွတ်!!"
"ဟ ဟျောင်း! ဖြည်းဖြည်း စားပါ ဘယ်လိုဖြစ်လို့လဲ။ စားကောင်းလို့ သီးသွားတာလား"
"ဟျောင့်!! မင်း ကင်ချီကျီဂဲက ဘယ်လိုဖြစ်လို့ ချိုရဲနေတာလဲ!"
အရောင်ကြည့်တော့ နီကျင့်နေတာပဲ။ အရသာက ဘာလို့ ချိုနေလဲ စဉ်းစားလို့ကို မရဘူး။
"အာ ! ချဉ်နေလို့ သကြားထည့်ထားတာ"
ဝွန်ဘင်းရဲ့ အဖြေမှာ အွန်းဆော့တစ်ယောက် ဩပါ ချမိတယ်။
"ကင်ချီကျီဂဲဆိုတာ ချဉ်ရမှာလေ။ မချဉ်တောင် မချဉ် မစပ်လေး ဖြစ်နေရမှာ။ နေပါဦး ဒါကြီးက စားကောင်းပါတယ်လို့ မင်း ဘာလို့ ထင်တာလဲ"
"ဆောင်းချန်ဟျောင်းက စားကောင်းတယ်တဲ့လေ"
အွန်းဆော့ သိရဲ့သားနဲ့ မေးမိပြန်ပါပြီ။
ဝွန်ဘင်းရဲ့ သူ့ဟင်းရာတွေပေါ် အရမ်း ယုံကြည်ချက် လွန်ကဲနေမှု နောက်ကွယ်မှာ ဆောင်းချန်ရဲ့ ချီးကျူးစကားတွေ အမြဲ ပါတယ်။
/ᐠ - ˕ -マ
"ကင်ချီကျီဂျဲ ချက်နေတာလေ"
နောက်ကနေ တောက်လျှောက် လိုက်ရပ်ကြည့်နေတဲ့ ဆောင်းချန်ကြောင့် ခေါင်းလေး ငဲ့ကာ မော့ကြည့်ပြီးမှ ပြောလိုက်ရင်း ဝွန်ဘင်းတစ်ယောက် သူရဲ့ စပရှယ် လက်ရာကို ကြိုးကြိုးစားစား ချက်နေလေရဲ့။
"အင်း ~ စားကောင်းမဲ့ပုံပဲ"
"ဟုတ်တယ်မလား မြင်တာနဲ့ စားချင်နေပြီမလား"
"စားချင်စရာပါပဲ"
ကြိုးစားပမ်းစား ချက်နေလိုက်ကာ ရတာနဲ့ ဆောင်းချန်ကို အရင် ခုံမှာ ဝင်ထိုင်စေလိုက်ပြီး ဝွန်ဘင်းလည်း ဟင်းရည်ကို ပန်းကန်ထဲ သေချာ ထည့်ကာ ပြင်ဆင်ပြီး ချပေးလိုက်တော့တယ်။
မြည်းကြည့်နေတဲ့ ဆောင်းချန်ရဲ့ မျက်နှာကို ဝွန်ဘင်းတစ်ယောက် မျှော်လင့်ချက် အပြည့်နဲ့ တောက်ပပ မျက်ဝန်းလေးတွေ သုံးကာ လိုက်ကြည့်နေမိတော့တာ။
"စားကောင်းတယ် ~ ငါတို့ ဝွန်ဘင်းနီးက အရမ်းတော်တာပဲ"
"ဟုတ်လား စားကောင်းလား အာ့ဆို ကျောင်းယူသွားပြီး ကျန်တဲ့သူတွေကိုလဲ ကျွေးကြည့်ရမယ်"
"... သူတို့ ပါးစပ်နဲ့ အကြိုက် တွေ့ မတွေ့တော့ မသိဘူးနော်။ ဒါပေမဲ့ ကိုယ့်ပါးစပ်နဲ့တော့ ကိုက်တယ်"
/ᐠ - ˕ -マ
"ဆောင်းချန်ဟျောင်းက အဲ့လို ပြောလိုက်တာပဲ"
အွန်းဆော့ စိတ်ထဲမှာတော့ ဆောင်းချန်ကိုပဲ ထိုင်ပြီး မေတ္တာပို့မိတော့တာ။
ဂျောင်ဆောင်းချန်။ မင်း မွှန်လဲ တစ်ယောက်တည်း မွှန်။ ဒါကို ကောင်းတယ် လို့ ပြောနိုင်တဲ့ မင်းရဲ့ စကေးကိုလည်း ငါ မတရား အံ့ဩတယ်။
───┄ °❀
YOU ARE READING
Chef 119
FanfictionCOMPLETED : 2024/06/13 A recipe filled with compliments is the best in Sunjeongz' world ~ Jung Sungchan x Park Wonbin