- 7 -

142 29 36
                                    

'ကျွန်တော် ဒီနေ့ နေမကောင်းလို့ ဟျောင်း'

'သူငယ်ချင်းက သူ သင်တန်းအပ်ချင်လို့ လိုက်ပေးပါ ဆိုလို့'

'ဒီနေ့တော့ ကျွန်တော် သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်'

ဖွင့်ပြောပြီးတဲ့နေ့ကတည်းက ဝွန်ဘင်း ဆောင်းချန်ကို အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်နေခဲ့တာ တော်တော်ကြာပြီ။

ဒီနေ့တော့ ဆောင်းချန် သည်းမခံနိုင်တော့။ သည်းခံနိုင်စရာလည်း အကြောင်းမရှိ။ တစ်ပတ်ဆိုတဲ့ အချိန်က နည်းတာမှ မဟုတ်ဘဲ။

ဝွန်ဘင်းရဲ့ မေမေကို မေးတော့ တကယ် အပြင်ထွက်သွားကြောင်း သိရတာမို့ ဆောင်းချန် အိမ်နဲ့ မလှမ်းမကမ်းက 24hrs mart မှာ ထိုင်ရင်း ဝွန်ဘင်း ပြန်လာမဲ့ အချိန်ကို ထိုင်စောင့်နေလိုက်မိတယ်။

သိပ်မကြာလိုက်၊ တစ်ယောက်တည်း လမ်းလျှောက်ပြန်လာတဲ့ ကောင်လေးကို လှမ်းတွေ့လိုက်ရတာမို့ ပြုံးလိုက်ရင်း နောက်ကနေ မသိမသာ လိုက်သွားကာ အိမ်နားရောက်တော့မှ လက်ကို လှမ်းဆွဲလိုက်တယ်။

"အား- အွတ်"

အော်ဟစ် သောင်းကျန်းဖို့ ပြင်နေတာမို့ ဆောင်းချန် ဝွန်ဘင်းပါးစပ်လေးကို လက်နဲ့ လှမ်းအုပ်လိုက်ရတော့တာ။

"ဟျောင်းပါ"

"..."

လွှတ်ပေးလိုက်တော့မှ ဝွန်ဘင်းတစ်ယောက် သေချာ ပြန်ရပ်ရင်း ရှေ့က အကိုကြီးကို မျက်လုံးချင်း ဆုံအောင် မကြည့်ရဲ။

"ဘာလဲ ဟျောင်း ပြောစရာ ရှိလို့လား"

'ဪ ပတ်ဝွန်ဘင်းရယ်။ မင်းက ဖွင့်ပြောထားပြီး အဲ့လို မေးတော့ ကိုယ်က ဘယ်လိုဖြေရမလဲ။'

ဆောင်းချန် စိတ်ထဲကပဲ ရေရွတ်လိုက်ကာ တစ်ချက် ရယ်လိုက်တော့ ဝွန်ဘင်းက မော်ကြည့်လိုက်တော့တာ။

"ရယ်စရာ ပါလို့လား"

"မဟုတ်ပါဘူး ဒီတိုင်း တွေးမိသွားလို့"

".. ဘာကိုလဲ"

"ကောင်လေးတစ်ယောက်က ပါးနမ်းသွားပြီး အဖတ်မလုပ်တော့လို့လေ"

"ဟာဗျာ .. အဲ့လိုကြီး ပြောမှ ရမှာလား"

ဆောင်းချန်ရဲ့ စကားမှာ ချက်ချင်းဆိုသလို ပါးတွေ ရဲတက်လာတဲ့ ဝွန်ဘင်းကို ကြည့်ပြီး အသည်းယားလွန်းလို့ ဆွဲသာ ညှစ်ပစ်လိုက်ချင်တယ်။

Chef 119Where stories live. Discover now