မနက်မိုးလင်းတာနဲ့ တတောင်တောင် ဝင်နေတဲ့ စာတွေကြောင့် ဝွန်ဘင်း နိုးလာရကာ ဖုန်းကို ယူကြည့်တော့ နေရာတိုင်းက လာနေတဲ့ မွေးနေ့ဆုတောင်းစာတွေ။
'၂၀ ပြည့်ပြီဆိုတော့ အိမ်ပေါ်က ဆင်းတော့'
အွန်းဆော့ဆီက ရောက်နေတဲ့ စာက မွေးနေ့ဆုတောင်းစာလား နှင်ထုတ်နေတာလား မသဲကွဲ။ စာတွေကို ဖတ်ကာ စာပြန်နေလိုက်ပြီး အချိန် တော်တော်ကြာမှ ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်တယ်။
ရေချိုးနေရင်း စဉ်းစားမိနေတာက အကိုကြီးဆီက စာတစ်ကြောင်းမှ မလာသေးလို့။ သို့ပေမယ့်လည်း တနေ့ကတည်းက ဆောင်းချန် ကျောင်းက MT ကြောင့် ခရီးရောက်နေတာလေ။
'ကိုကို .. ဒီနေ့ ပြန်လာမှာမလား'
စာတိုလေး တစ်ကြောင်းပဲ ပို့လိုက်ကာ စာလေး ဘေးက '1' လေး ပျောက်သွားမဲ့ အချိန်ကို ဝွန်ဘင်း တော်တော်ကြာအောင် ထိုင်စောင့်နေပေမယ့် မပျောက်သွား။
သက်ပြင်းတိုလေးသာ ချရင်း ဒီနေ့က တက္ကသိုလ် ပထမဆုံးနေ့လဲ ဖြစ်နေတာမို့ သေချာ ပြင်ဆင်ပြီး ထွက်လာခဲ့လိုက်တော့တယ်။
တီရှပ် အဖြူလေးကို ဂျင်းဘောင်းဘီ ခပ်ပွပွနဲ့ တွဲဝတ်ပြီး အပိုအနေနဲ့ ခါးပတ်လေး ပတ်ထားကာ လွယ်အိတ်ကြိုးကို တစ်ဖက်သာ လွယ်ရင်း ဆံပင်ရှည်တွေက ခပ်လွှလွှ။
ကျောင်းသားသစ်တွေကြားမှာ အထင်ပေါ်ဆုံး ဖြစ်နေကာ ဝွန်ဘင်းကိုယ်တိုင်လည်း လူတိုင်းရဲ့ အကြည့်က သူ့ဆီမှာ ရှိနေတာကို သတိထားမိနေတယ်။
'ကျောင်းသားသစ် မိတ်ဆက်ပွဲ' ရှိနေတာမို့ မိုးလုံလေလုံ ကျောင်းအားကစားကွင်းကြီးက ကျောင်းသား ကျောင်းသသူတွေ ဟိုတစု ဒီတစု။ ဝွန်ဘင်းလည်း ဘယ်နား နေရမယ် မသိသလို အတန်းစမှ လူတွေကြား ဝင်စီဖို့ လုပ်ရင်း ခုံတန်းထောင့်တစ်နေရာမှာ ထိုင်ကာ စောင့်နေလိုက်တော့တယ်။
မိတ်ဆက်ရုံမို့ ဘာမှ ထွေထွေထူးထူး လုပ်စရာ ရှိမနေ။ အတန်းပြန်တက်ဖို့အတွက် ခေါ်တော့မှ တန်းစီတဲ့ နေရာကနေ ပြန်လာကာ စာသင်ခန်းဆီပဲ လျှောက်လာခဲ့လိုက်တော့တာ။
VOCÊ ESTÁ LENDO
Chef 119
FanficCOMPLETED : 2024/06/13 A recipe filled with compliments is the best in Sunjeongz' world ~ Jung Sungchan x Park Wonbin