ဒေါက် ဒေါက်
မနက်စောစော အခန်းတံခါး ခေါက်သံမှာ ဆောင်းချန် နိုးထလာရရင်း အိပ်ချင်မူးတူးနဲ့ ဆံစတွေကို ထိုးဖွကာ အခန်းတံခါးကို ဖွင့်ကြည့်မိတော့ ကျောင်းဝတ်စုံ ဝတ်ပြီး ထမင်းဘူးလေး ကိုင်ကာ စောင့်နေတဲ့ ပုစိ။
"ခဏလေး စောင့်နော် ~ ကိုယ် အခုမှ ရေချိုး ပြင်ဆင်ရမှာ"
"ရတယ် ရတယ် အာ့ဆို ဧည့်ခန်းထဲမှာပဲ စောင့်မယ်နော်"
ပြောပြောဆိုဆို အခန်းရှေ့က ထွက်သွားမိတော့ ဆောင်းချန် မရယ်မိပဲ မနေနိုင်ပြန်။ အခန်းတံခါးကို ပြန်ပိတ်လိုက်ရင်း ကျောင်းတက်ဖို့အတွက် ပြင်ဆင်လိုက်ကာ ပေါ့ပေါ့ပါးပါးဝတ်ပြီး အပေါ်က မေဂျာကုတ်ကို ထပ်ဝတ်လိုက်ကာ အခန်းပြင် ထွက်၊ ဧည့်ခန်းထဲကို ထွက်လာတော့ ပေါက်စက သူ့ထမင်းဘူးလေးကို စားပွဲပေါ် ကျကျနန ခင်းထားရင်း စောင့်နေလေရဲ့။
"ဒီနေ့ ဘာလုပ်လာတာလဲ"
"ထွေထွေထူးထူး မဟုတ်ပါဘူး ~ ထမင်းလိပ်လေးပဲ လုပ်လာတာ"
အိုခေ။ ထမင်းလိပ်ဆိုတာ ဘာမှ ခက်ခဲတာ မဟုတ်တာမို့ ဆောင်းချန် ဒီနေ့အတွက် အလွယ်လေး ဖြတ်ကျော်လို့ ရပြီ။
"အင်း ပြပါဦး"
ထမင်းဘူးလေး တိုးပေးလာတဲ့ အချိန်မှာ ဆောင်းချန် ရယ်ရမလို ငိုရမလို။
"ဒါ ဘာလိပ်ထားတာလဲ"
"ထမင်းလိပ်လေ.. သေးသေး လှီးတာပဲ မရလို့ နှစ်ပိုင်း ပိုင်းလာတာ"
နှစ်ပိုင်း ပိုင်းလာတာတော့ ငါလည်း မြင်တာပေါ့ကွာ။ ဒါပေမဲ့ မင်းရဲ့ နှစ်ပိုင်းက ငါ့လက်ထက် ကြီးနေပြီ။
"ဟျောင်းကို ကောင်းကောင်းလေး စားစေချင်လို့ သေချာ လုပ်လာတာနော်။ မိုးလင်းထဲက ကြိုးစားပမ်းစား လုပ်ထားရတာ"
နှုတ်ခမ်းလေး ဆူကာ ပြောလာပြန်တော့ ဆောင်းချန်လည်း မနေနိုင်တော့သလို ထမင်းလိပ်ကို ကောက်ယူပြီး တစ်ကိုက် ခပ်ကြီးကြီး ကိုက်လိုက်တော့တယ်။
ထမင်းလိပ် လို့ ပြောရအောင်လည်း အရသာက ထမင်းလိပ်လို အရသာ ထွက်မလာ။ ဒါပေမယ့် 'မကောင်းဘူး' ဆိုတဲ့ ခံစားချက်ကို ဝွန်ဘင်းကို ဆောင်းချန် မပေးချင်။
YOU ARE READING
Chef 119
FanfictionCOMPLETED : 2024/06/13 A recipe filled with compliments is the best in Sunjeongz' world ~ Jung Sungchan x Park Wonbin