Part 12

73 4 0
                                    

UN

          ကျောက်ကျောက်တို့ဟိုတယ်ရောက်သော် ကျွင့်ကျယ်အခန်းရှိရာသွားကာ မြို့ပြန်ရန်ပြောကြလေသည်။ ကျွင့်ကျယ်က ကျစ်ကွမ်းပါမလာကြောင်း သိနေ၍ ပေတေကာ မြို့ပြန်ဖို့ ငြင်းဆန်နေခဲ့သည်။ ထို့ထက်ဆိုးသည်က လော့ယန်သို့ လိုက်သွားမည်ဟု ဆိုရာ အားလုံးမှာ ပြာပြာသလဲ တောင်းပန်ထားရတော့သည်ထိပင်။ ကောင်းကင်ယံသည် မှောင်မဲလို့လာနေပြီဖြစ်ရာ ကျွင့်ကျယ် ငြိမ်ငြိမ်သက်သက်ဆက်မနေနိုင်တော့ပေ။ ဟိုတယ် ကောင်တာရှေ့ထိ ထွက်စောင့်နေခဲ့သည်။ ပတ်ဝန်းကျင်ပင်တိတ်ဆိတ်နေလေပြီ ကျွင့်ကျယ်ကို အခန်းပြန်နားရန် မည်သူမှနားမချနိုင်။ ရုကျောက်သည် ငိုချင်စိတ်ကိုအားတင်းလျက် လော့ယန်မှတစ်စုံတစ်ယောက်ဆီ ဆက်သွယ်လို့ ရလိုရငြား ဖုန်းကိုလက်ကမချ ပါသော်လည်း ယခုချိန်ထိ မည်သူ့ကိုမှဆက်သွယ်မရပေ။

     ကျွင့်ကျယ် အခန်းသို့မပြန်လေရာ ကျန်သူများလည်း မပြန်ရဲချေ။ ထိုကောင်လေး မလုပ်ရဲသောအရာသည် ရှိမည်မထင် မတော်တဆ တစ်ယောက်တည်း လော့ယန်သို့ ထွက်သွားမည်ကို စိုးရိမ်ကြသောကြောင့်ပင်။ ယခုချိန်တွင် ကျောက်ကျောက်သည်လည်း အမြုတေ ပြန်ပေးလိုက်ပြီဖြစ်ရာ ကျစ်ကွမ်း၏အငွေ့အသက်ကို ထိုကောင်လေး ကောင်းကောင်းခံစားမိပေလိမ့်မည်။ ကောင်တာတွင်စောင့်နေသည့်တစ်လျှောက်လုံးလည်း ငြိမ်ငြိမ်ထိုင်မနေ အပြင်ဘက်သို့ ခဏခဏလျှောက်ကြည့်နေလေသည်။ သို့နှင့် သန်းခေါင်ပင်ကျော်လာရေရာ ကျွင့်ကျယ်ဆီမှ စကားသံထွက်လာတော့သည်။

"အာရုံတက်!.....

       အသက်ကိုခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ အသံကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

"အာရုံတက်လို့မှ ကွမ်းကွမ်းရောက်မလာခဲ့ရင် ငါလော့ယန်ကိုလိုက်သွားတော့မယ်......

        အသံကိုတည်ငြိမ်အောင် ကြိုးစားပြောနေသော်လည်း ကျွင့်ကျယ်လေသံသည် ယခုချက်ချင်းပင် ထလိုက်သွားချင်ဟန် အလောတကြီးနိုင်နေသည်။ ထိုနောက်တော့ လက်ချောင်းလေးများကို ယှက်လျက် မတည်ငြိမ်သော အသက်ရှူနှုန်းများဖြင့် ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်နေတော့သည်။

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now