Final Part

86 7 0
                                    


UN

       ကားနှစ်စီးလုံးသည် လေးလေးအိမ်သို့သာ တိုက်ရိုင်မောင်းလာကြပြီး ကျွင့်ကျယ်ဖုန်းကြိုဆက်ထားခြင်းကြောင့် ချန်ဖေးလည်း ရှိနေမည်ဖြစ်သည်။ ကားရပ်သည်နှင့် ကျွင့်ကျယ်က အိမ်ထဲသို့ပြေးဝင်သွား၏။

"ကော......

       ကျွင့်ကျယ် ချန်ဖေးကို ဖက်ထားလိုက်သည်။ ချန်ဖေးက ကျွင့်ကျယ်ကျောလေးကို အသာလေး ပွတ်ပေးနေ၏။

"ကော ဘာမှမဖြစ်ဘူး ကလေးရဲ့

ဘာမှမဖြစ်ဘူး....

"စူးတောင်ကြီးတစ်ချောင်းလုံး နှုတ်ပေးလိုက်တာတောင် ကျွန်တော့်ကို ဘာတစ်ခုမှမပြောပြဘူး

ကိုယ့်ကိုကိုယ် နတ်ဘုရားများ ထင်နေတာလား......

       လမ်းတွင်တည်းက ဖုန်းဆက်လာ၍ အကြောင်းရင်းကို အရိပ်အမွတ်သိနေပေရာ ကျွင့်ကျယ်စကားကိုနားထောင်ကာ ကျစ်ကွမ်းဒဏ်ရာကို ကြည့်လျှင် မိမိစူးတောင်အား ထုတ်သုံးလိုက်ကြောင်း ပြန်မေးနေစရာ မလိုတော့ပေ။

"ကောအဲလို ကြိုတင်မစီစဥ်ပေးလိုက်ရင် ကျစ်ကွမ်းကိုပြန်တွေ့ရတော့မှာမဟုတ်ဘူး.......

"ကောလည်း အမတမှ မဟုတ်တာ......

"ဒါပေမယ့် ခုကော အသက်ရှိနေသေးတယ်လေ"

"..............."

        ကျွင့်ကျယ် ပြန်လည်တိတ်ဆိတ်သွား၏။ ထိုနောက်တော့ ချန်ဖေးက ကျစ်ကွမ်းဒဏ်ရာများကို ဆေးထည့်ပေးသည်။

"နားလိုက်တော့

ကျန်တဲ့အပိုင်းကို မနက်ဖြန်မှ ဆက်လုပ်ရအောင်"

       ချန်ဖေးစကားကို ကျစ်ကွမ်းလက်မခံပေ။

"မဖြစ်ဘူး

သူက အသက်ရှင်နေနိုင်သေးတယ်

ပြီးတော့လည်း ဒီနေ့က၈ရက်ဖြစ်သွားပြီ

ကျွန်တော်တို့နားလို့မဖြစ်ဘူး"

"ရှောင်ကွမ်း

မင်းနားကိုနားရမယ်

မင်းတို့မနားရင် ယင်ယန်ရဲ့သက်ရောက်မှုကို တောင့်ခြနိုင်မှာမဟုတ်ဘူး"

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now