Extra Part

92 12 0
                                    

UN

         ကျစ်ကွမ်းက လဲကျနေရာမှထကာ ကျွင့်ကျယ်ကိုယ်လေးအား သူ့ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။ ကျွင့်ကျယ်ကလည်း ကျစ်ကွမ်းလည်တိုင်ကို ပြန်လည်ဖက်တွယ်ထားသည်။

"ငါတို့ရဲ့အဆုံးသတ်က ဒီလောက်ညင်သာလိမ့််လို့ထင်မထားမိဘူး"

"ကိုယ်တို့အဆုံးသတ်ထိ အတူတူရှိနေကြတာနဲ့တင် ပြီးပြည့်စုံနေပါပြီ"

"သူတို့ကို ကိုယ်တိုင် မနှုတ်ဆက်နိုင်တာတော့ နည်းနည်းစိတ်မကောင်းဖြစ်မိတယ်"

"သူတို့နားလည်လောက်မှာပါ"

         နှလုံးသားမှ အမြုတေတို့က နှင်းမှုန်လေးများ လွင့်မျောနေသကဲ့သို့ တစ်စချင်းစီ ပျောက်ကွယ်လာနေကြသည်။ ထိုခံစားချက်သည် ထင်ထားသည်ထက် သက်တော့သက်သာရှိပြီ စူးရှသော နာကျင်မှုမျိုး နည်းနည်းမှ မခံစားရပေ။ အမြင်အာရုံကတော့ အတော်လေးပင် ဆိုးဝါးနေကြပြီး ပတ်ဝန်းကျင်းကို ကောင်းကောင်းမမြင်နိုင်ကြတော့ချေ။ ထိုစဥ်အဝေးမှ ပြေးလာနေသော ပုံရိပ်လေးနှစ်ခုကို ဝိုးတဝါးမြင်လိုက်ရသည်။

"အစ်ကိုကွမ်း!..... 

ရှင်တို့မသေနိုင်ပါဘူး!

ခဏလေး တောင့်ခံထားပေးပါဦး.......

       ရုကျောင်၏ အသံဖြစ်ပြီး လေကဲ့သို့လျှင်ဖြင့် အနားရောက်လာခဲ့သည်။ 

"စီနီယာဟွမ်

ညီမ အစ်ကို့ကို ပြန်ပေးဖို့အချိန်ရောက်ပြီ

ညီမကိုယ်ထဲမှာ သိမ်းပေးထားတာ ရာစုနှစ်တွေအတော်များခဲ့ပြီဆိုတော့ ပိုင်ရှင်ကိုပြန်ပေးသင်ပြီလို့ ထင်တယ်.......

        ကျောက်ကျောက်က ကျွင့်ကျယ်ရင်ဘတ်ကိုထိလိုက်ပြီး သူမကိုယ်ထဲမှ သီးခြားတည်ရှိနေခဲ့တဲ့ စွမ်းအားတစ်ခုကို လွှဲပြောင်းပေးလာသည်။

"အစ်ကိုကွမ်း

နောက်ဆိုကျောင်ကျောင်လို ညီမလေးတစ်ယောက်ရှိတဲ့အတွက် ဂုဏ်ယူပေးပါဦး"

        ရုကျောက် မိမိကျောကိုထိလိုက်ချိန် အင်အားတစ်ခုကို ကျစ်ကွမ်းခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးကို ပြန်လည်နွေးထွေးသွားစေသည်။ ဤခံစားချက်ကို ကျစ်ကွမ်းမခံစားဖူးသော်လည်း အမြုတေမှ စွမ်းအားဖြစ်ကြောင်း သိနေမိသည်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

ဒဏ္ဍာရီသို့တိုင္တည္၏ ဒဏ်ဍာရီသို့တိုင်တည်၏Where stories live. Discover now