အပိုင်း1

284 22 12
                                    

ဂျင်ယောင်းမနက်နိုးသည်နှင့် ချစ်ရသူမျက်နှာ
လေးကိုမြင်ရတော့ဝမ်းသာမိသည် ယခုဆိုလျှင်
ဂျင်ယောင်းနှင့် ဂျီယွန်းတို့လက်ထပ်ထားတာနောက်သုံးရက်နေရင် 5နှစ်ပြည့်တော့မည်ဖြစ်သည်

ဂျီဂျီကမနက်သူမနိုးခင်ထသွားရင် စိတ်ဆိုးတက်တာမို့ မိန်းမလေးနိုးသည်အထိ စောင့်ပြီးမှထသည် သားလေးကလည်းနိုးရင် အခန်းထဲလာသည် မလာသေးဘူးဆိုတော့ မနိုးသေးတာဖြစ်သည်

"ယောင်း..."

နိုးတာနှင့်ကိုယ့်နာမည်ကိုခေါ်တက်တာက ဂျီဂျီရဲ့ချစ်စရာကောင်းသည့်အကျင့်လေးဖြစ်သည်

"နိုးပြီလား အချစ်လေး"

ဂျီဂျီကမျက်လုံးလေးပွတ်ကာပြုံးပြသည် ဒီအပြုံးတွေအောက်မှာ ဂျင်ယောင်းကျဆုံးခဲ့ရတာပေါ့

"လာ..ထရအောင်"ဆိုကာ ယောင်းကဂျီ့ကိုပွေ့ချီကာ ရေချိူးခန်းထဲဝင်သွားလေသည်။ ထိုအခန်းနှင့်ကပ်ရပ်အခန်းထဲတွင် ဒိုယွန်းလေးတစ်ယောက် သူ့အခန်းတစ်ခါကိုဖွင့်ကာ သူ့အမေနှစ်ယောက်ရှိရာ အခန်းထဲဝင်လာလေသည်

ဒိုယွန်းအခန်းထဲ မေမေတို့ကိုရှာမတွေတာကြောင့် ငိုတော့သည် ဒိုယွန်း၏ငိုသံကိုကြားတာကြောင့် ဂျီယွန်းရေချိုးခန်းထဲကနေအပြေးထွက်လာပြီး ဒိုယွန်းကိုချီလိုက်လေသည်

"ယွန်းလေးကဘာဖြစ်လိုလဲ..မေမေ့ကိုပြော..မငိုနဲ့တော့နော်..မေမေတို့ကိုမတွေလို့လား"

ယွန်းလေးက ဂျီယွန်းချီလိုက်သည်နှင့် အငိုတိတ်သွားသည် ရေချိုးခန်းရှေ့မှာတံခါးကိုမှီကာ မကျင်နပ်သည့်ရုပ်ဖြစ်နေသည်မှာကတော့ ဂျင်ယောင်းသာဖြစ်သည်

သားလေးသာမငိုရင် သူဂျီဂျီ့ကိုစားပြီးနေလောက်ပြီ
(သူတင်းပြီလေ)

ဂျင်းယောင်း ရေမိုးချိုးပြီး မိန်းမပြင်ပေးတဲ့မနက်စာ စားပြီးကုမ္မဏီလာခဲ့သည်။ ကုမ္မဏီကဂျီဂျီအဖေကုမ္မဏီကို ဂျင်ယောင်းကဦးစီးနေတာဖြစ်သည်။ ကျွန်မကငယ်ငယ်ထဲကမိဘမဲ့ဂေဟာမှာကြီးပြင်ခဲ့တာဖြစ်သည်။

18နှစ်ပြည့်မှ မိဘမဲ့ဂေဟာကနေထောက်ပံကြေးနည်းနည်းနှင့် အလုပ်လုပ်ပြီးကျောင်းတက်ခဲ့တာဖြစ်သည် အဲ့ဒီလိုကနေဂျီဂျီနဲ့တွေပြီး လက်ထက်ခဲ့တာပင်

"သားရေ မပြေးပါနဲ့တော့ဟယ်"

"မေမေ သားကိုယိုက်ဖမ်းယေ ဟီးဟီးးး"

တဂယ်ဂျီယွန်းမောနေပြီဖြစ်သည် ယောင်းကုမ္မဏီသွားပြီးတော့ သားလေးကိုရေချိုးပေးမလို့
ခေါ်နေတာ ရေဆိုတဲ့အသံကြားတာနဲ့ထွက်ပြေးတော့တာပဲ
(ဒိုယွန်းလေးက ဒီကစာရေးသူနဲ့ဘာတော်လည်းမသိ)

"သားရေ မေမေ မောနေပြီ"

မောနေသည်ဟုပြောတာနှင့် သားလေးကပြေးတာရပ်လိုက်သည် သားလေးကဂျီယွန်းကို ယောင်းအတိုင်းဂရုစိုက်နိုင်သည် ယွန်းလေးကလိမ်မာသည်

ယွန်းလေးကဂျီယွန်းဆီကိုရေသွားယူပြီးတိုက်သည် ပြီးတာနှင့်ရေချိုးပေးလိုက်သည်

ဟော...ကြည့်ဦး ရေမချိုးချင်တုန်းကလည်းသူ
ရေချိုးပြီးပြန်မတက်တာလည်းသူပဲ

"ဒိုယွန်း လာခဲ့တော့ ဖျားလိမ့်မယ်"

"တက်ဖူး"

"ကင်မ်ဒိုယွန်း တက်တော့"

လေသံမာမာနဲ့ပြောလိုက်တော့ ယွန်းလေးကမျက်နှာလေးမဲ့ရှုပ်ကာဂျီယွန်းနားလာသည်

သားလေးကိုခေါ်ပြီးအပြင်ကိုလမ်းလျောက်ထွက်ခဲ့သည်

"တီယေး ဒါအင်း"

"ယွန်းလေး ဘယ်သူနဲ့လာတာလဲ"

ယွန်းလေး သူ့မေမေကိုလက်ညိုးထိုးပြသည်

"ဂျီယွန်း"

"ဒါအင်း မတွေ့တာကြာရောပေါ့"

"အေးဟယ်"

"ဘာလဲ နင်နောက်တစ်ဗိုက်လား"

ပူနေတဲ့ဒါအင်းရဲ့ ဗိုက်ကိုမေးငေါ့ပြသည်

"ဟုတ်တယ်"

ဒါအင်းနဲ့ဂျီယွန်းနဲ့က ငယ်ပေါင်းတွေဖြစ်သည်
ဆူးကီနဲ့ဒါအင်းနဲ့က လွန်ခဲ့တဲ့3နှစ်ကလပ်ထက်ခဲ့ကြသည် ဒါအင်းတို့တွင် သမီးလေးတစ်ယောက်ရှိပြီး အခုဗိုက်ထဲမှာလည်းတစ်ယောက်ရှိနေပြီတဲ့

ဖတ်ရတာအဆင်ပြေကြလား

The VirusesWhere stories live. Discover now