ဖုန်းကလိုင်းမမိတာမို့ ယူလ်ရီလိုင်းမိသည့်နေရာတွေသွားပင်မဲ့လည်းမရ
"အစ်ကို ဖုန်းလိုင်းမိလား"
"ဟင်...ငါလည်းမမိတော့ဘူး"
"အထဲမှာဘာလုပ်နေကြတာလဲ မြန်မြန်လာကြလေ"
ယူလ်ရီ ဟွန်းဂျွန်ဆီသွားဖို့လုပ်ပင်မဲ့ ခေါင်းဆောင်ကတားလိုက်သည်
"မင်းဘာလုပ်နေတာလဲ ငါတို့နဲ့သွားရမှာလေ"
"အာ..ခေါင်းဆောင်ကျွန်မဟွန်းဂျွန်ဆီသွားမှာဖြစ်မယ် သူအန္တရယ်ရှိနေတယ်ကျွန်မကိုသွားခွင့်ပြုပါ"
ခေါင်းဆောင်ကယူလ်ရီရဲ့လက်ကိုဆွဲပြီး
"မင်းဒီလိုလုပ်လို့မရဘူး ငါတို့အခုဖြစ်နေတဲ့ကိစ္စတွေကိုသိအောင်လုပ်မှဖြစ်မယ်"
ခေါင်းဆောင်ရဲ့စကားအဆုံးမှာပဲ ယူလ်ရီတို့ဆီကိုကားတစ်စီးက ရောက်လာသည်။ယူလ်ရီလည်းခေါင်းဆောင်ကိုဆွဲပြီး ကယ်လိုက်သည်။
ဒုန်းးးးးး
(ကားတိုက်သွားသံ)ယူလ်ရီအချိန်မှီရှောင်လိုက်တာကြောင့် အသက်ရှင်သွားရသည်။ ထိုအချိန်ယူလ်ရီတို့ရှေ့ကိုကားတစ်စီးရပ်လိုက်ပြီး တစ်ကားဖွင့်လိုက်တော့
"အစ်ကို"
"မြန်မြန်တက်"
ယူလ်ရီလည်းကားပေါ်တက်ပြီးထွက်လာလိုက်သည်
"ဂိုယန်းကစားကွင်းမဟုတ်လား"
"အင်.."
*************
"ဟယ်လို ယူလ်ရီ ယူလ်ရီ...ဖုန်းလိုင်းမမိတော့ဘူး"
"ငါရောပဲ"
အရုပ်ဆိုင်ထဲတွင်ဝန်ထမ်းမလေးက TVကိုဖွင့်လိုက်သည်။ အားလုံးကလည်းTVပေါ်ကသတင်းပေါ်အာရုံရောက်သွားကြသည်။
"အရေးပေါ်သတင်းပါ အခုလက်ရှိဆိုးလ်မြို့မှာဖြစ်နေတဲ့အရာတွေ ယဥ်တိုက်မှုတွေ လူအချင်းချင်းကိုက်ဖြတ်မှုတွေက ဆိုးလ်မြို့က
ဆောဆေးရုံကနေဖြစ်ပျက်ခဲ့တာလို့သတင်းရပါတယ် ဒီလိုတိုက်ခိုက်တဲ့လူတွေကအသိစိတ်မရှိတော့ဘဲ တွေ့သမျှာလူတွေကိုရန်ပြုနေခဲ့ပါတယ် ရန်ပြုခံရတဲ့လူတွေကလည်းကူးစက်ရောဂါလို မြန်မြန်ဘဲပြောင်းလဲသွားပြီ အခြားလူများကိုရန်ပြုပါတော့တယ် ပညာရှင်တွေကတော့ဒီကူးစက်ရောဂါက ဇွန်ဘီပုံစံနဲ့တူတာကြောင့်ဇွန်ဘီရောဂါဟုအမည်ပေးလိုက်ပါတယ်"
YOU ARE READING
The Viruses
Korkuယောင်း ဂျီဂျီတို့ကိုမကာကွယ်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ် ယောင်းကိုခွင့်မလွှတ်ပါနဲ့