"အာ့!"
"ဂျူယွန်း!!"
ပြေးနေရင်းဇွန်ဘီတွေ၏ဖုံးအုပ်ခြင်းခံလိုက်ရသည့်ဂျူယွန်း။ နာအွန်ကဂျူယွန်းဆီကိုသွားဖို့လုပ်ပေမဲ့ ဟျွန်းဂျွန်ကဆွဲပြီးပြေးသည်။ နာအွန်ပြေးရင်းမှအနောက်လှည့်ကြည့်လှည့်ကြည့်နှင့်မျက်ရည်များထွက်နေသည်။
"ဂျူယွန်း! ဂျူယွန်းးးး"
နာအွန်အော်ငိုရင်းပြေးနေရသည်။ ဂျင်ယောင်းတို့ပြေးနေရင်းကွန်ဒိုတိုက်ခန်းတစ်ခုဆီရောက်လာကြသည်။ အားလုံးကွန်ဒိုထဲဝင်ပြေးပြီး တံခါးတွေကိုပိတ်လိုက်ကြသည်။ အပြင်ကဇွန်ဘီတွေကတံခါးပေါက်တွေကနေလက်များထိုးပြီးမှီရာဆွဲကြသည်။အားလုံးအပေါ်မတက်သေးပဲခဏလောက်အမောဖြေကြသည်။
"ငါ့အမှားတွေ ငါ့ကြောင့် ဂျီဂျီကိုတောင်မကာကွယ်နိုင်ခဲ့ဘူး"
ဂျင်ယောင်းသူ့ရင်ဘက်ကိုထုရင်းပြောနေသည်။
"ငါအသုံးမကျလို့ ဂျီဂျီအခုလိုဖြစ်ရတာ တောင်းပန်ပါတယ်အဖေရယ် ကျွန်မဂျီဂျီကိုအသက်ရှင်နေသ၍ကာကွယ်ပေးမယ့်ဆိုတဲ့ဂတိကိုမတီနိုင်ခဲ့လို့"
"နင့်အမှားမဟုတ်ပါဘူးဂျင်ယောင်း"
"ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲသဘောထားလိုက်ပါ"
ဆူးကီတို့ဇနီးမယားကဂျင်ယောင်းကိုအားပေးကြသည်။
"ဒိုယွန်းကိုလည်းကြည့်ပါဦးသူငယ်ချင်းရယ် နင့်မှာကာကွယ်ဖို့သားတစ်ယောက်လုံးရှိသေးတယ်"
နာအွန်ကဂျောင်လေးတစ်ခုတွင်ထိုင်ပြီးမြေကြီးကိုသာစိုက်ကြည့်နေသည်။ သူနောက်တရနေပြီလေ နောက်ဆုံးဆိုတဲ့စကားလေးတောင်ပြောခွင့်မရခဲ့ဘူး။ နာအွန်ရဲ့အနားကို ဆဲအွန်နဲ့ဟျွန်းဂျွန်ကလာပြီးအားပေးစကားပြောပေးသည်။
"အားလုံးအမောဖြေပြီးပြီဆိုရင် ငါတို့အပေါ်ထက်တက်ကြရအောင်"
(ယူလ်ရီ)အားလုံးအပေါ်ကိုဖြည်းဖြည်းချင်းတက်လာကြသည်။ အားလုံးကိုရပ်ဆိုသည့်ဟန်ဖြစ်လက်ကိုမြှောက်ပြီးအသိပေးလိုက်သည့် ယူလ်ရီ
"ရှူးးးးး"
ယူလ်ရီဘေးကဒုတ်တစ်ချောင်းကိုင်လိုက်တော့ကျန်သူများကလည်း တွေ့သည့်လက်နက်ကိုဆွဲကြသည်။ ယူလ်ရီရှေ့ဆုံးကနေဖြည်းဖြည်းချင်းတက်လာခဲ့ကာဘာရှိလဲချောင်းလိုက်တော့ ဇွန်ဘီတစ်ကောင်လှေကားလက်တန်းတွင် ခေါင်းညှက်နေသည်ကိုတွေ့လိုက်ရသည်။
YOU ARE READING
The Viruses
Terrorယောင်း ဂျီဂျီတို့ကိုမကာကွယ်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ် ယောင်းကိုခွင့်မလွှတ်ပါနဲ့