အပိုင်း6

102 11 2
                                    

လူစုခွဲပြီးလူတွေထွက်သွားပြီးချင်းတံခါးကိုဟသွားတဲ့လူက အရုပ်ဆိုင်ရှေ့မှာအသံမြည်တဲ့အရုပ်ကိုချထားခဲ့ပြီး အဝေးထိန်းခလုပ်ကနေအသံမြည်အောင်လုပ်လိုက်သည်။

အရုပ်ထဲကသီချင်းသံကြောင့်ဇွန်ဘီတွေထိုအရုပ်ဆီကိုအပြေးသွားပြီးဂျင်ယောင်းတို့ရှိသည့် အရုပ်ဆိုင်ထဲရောက်သွားသည်။

"ဒီသီချင်းသံကဘယ်ကလဲ"
(အွန်းဟာ)

"ဇွန်ဘီတွေရောက်လာပြီးမြန်မြန်ပြေးကြ"
(ဂျင်ယောင်း)

အွန်းဟာကဟွန်းဂျွန်ရဲ့လက်ကိုဆွဲပြီးအထဲဝင်ပြေးသည် ဂျင်ယောင်းကလည်းဂျီယွန်းနဲ့ယွန်းလေးကိုခေါ်ပြီးအနောက်ကိုဝင်ပြေးပြီး ဝန်ထမ်းကောင်လေးကထွက်ပေါက်ကိုဖွင့်ဖို့လုပ်ပင်မဲ့သော့ကမဝင်

"ဂျောင်းဆူရေ မြန်မြန်ဖွင့်"

"ငါဖွင့်နေတာဘဲ သော့ကမဝင်..ရပြီရပြီမြန်မြန်လာကြ"

ဂျောင်းဆူသော့ဖွင့်ပြီးတော့အာလုံးအပြင်ကိုထွက်ကြပြီး ထက်ပြေးရပြန်သည်အပြင်မှာလည်းဇွန်ဘီတွေအနှံ ဂျင်ယောင်းတို့အဖွဲ့ပြေးနေရင်း ဆူးဂီတို့နှင့်တွေ့သည်။ ဂျင်ယောင်းပြေးလာတာမလွှတ်နိုင်မှန်းသိတော့ ဘေးကတွေတဲ့ဒုတ်တစ်ချောင်းကိုကိုင်ပြီးဇွန်ဘီတွေကို ရိုက်ရင်းပြေးသည်။ ဂျင်ယောင်းလှုပ်ရှားတော့အခြားသူများကလည်းဘေးကတွေ့တဲ့လက်နက်နဲ့ပြန်တိုက်ခိုက်သည်။

"ဂျီဂျီ ယွန်းလေးကိုသေချာခေါ်ထား!"

"မ! မြန်မြန်လာ"

"ဟွန်းဂျွန်! ငါ့နောက်မှာဘဲနေ"

အနေအထားက ဂျီယွန်းရယ်ယွန်းလေးရယ် ဒါအင်းရယ်မီယူရယ် ဝန်းထမ်းကောင်မလေးရယ်ကိုကျန်လေးယောက်ကဝိုင်းပြီးကာထားသည်။

ဂျင်ယောင်း ဂျီယွန်းကိုကြည့်လိုက်တော့ ဂျီယွန်းရဲ့အနောက်ကိုဇွန်ဘီတစ်ကောင်ပြေးလာတာကြောင့် အပြေးသွားဖို့လုပ်ခဲ့ပေမဲ့ထိုဇွန်ဘီကိုဟွန်းဂျွန်က ခြေထောက်နဲ့ကန်ပြီးခေါင်းကိုဒုတ်နဲ့အဆက်မပြတ်ရိုက်နေသည်။ဇွန်ဘီရဲ့ခေါင်းကတော့လုံးဝကိုအစိမ့်စိမ့်အမွှာမွှာကြေကွဲလို့

The VirusesWhere stories live. Discover now