*မင်း ဘာလုပ်လိုက်တာလဲ! ရွက်ကြွေ*
အဖြူအမည်းစန္ဒရားခလုတ်တွေပေါ်ရွေ့လျားနေတဲ့လက်ချောင်းသွယ်တို့မှာရုတ်ချည်းရပ်တန့်လို့သွားခဲ့သည်
*ပြန်လာပြီလား မောင်*
စန္ဒရားခုံမှာပကတိအတိုင်းလှပကြော့မော့စွာထိုင်နေတဲ့သက်ရှိပန်းပုရုပ်လိုလူသားငယ်ဟာ ပုံမှန်လေတိုးသံနှင့်ပင်ခပ်အေးအေးဆိုလာခဲ့သည်
*ဒီနေ့တော့ထမင်းလက်ဆုံစားရအောင် မောင်ပြန်မလာတာတော်တော်ကြာနေပြီလေ အလုပ်တွေအရမ်းများနေတာလား*
*ရွက်ကြွေ!*
သိပ်သဘောကျခဲ့ရတဲ့မျက်ခုံးတန်းထူထူတွေ ညို့ဆိုင်းဆိုင်းမျက်ဝန်းညိုတွေက အခုကျတော့လည်း အရမ်းအေးစက်နေတာက သိပ်ကိုနာကျင်ဖို့ကောင်းတယ်
*ငါ နာတယ် မောင်*
ပခုံးစွန်း၂ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားတဲ့လက်တွေဟာ သိသိသာသာကိုဖြေလျော့သွားခဲ့တယ်
ရင်ထဲက ငါ့ရင်ဘတ်ထဲက တင်းကြပ်မှုတွေ နာကျင်မှုတွေပြေပျောက်ဖို့ကိုရော ငါဘယ်လိုလုပ်ရမလဲမောင် ဒီရင်ဘတ်နားက နှလုံးသားဆိုတာကိုဆွဲထုတ်ပစ်လိုက်ရင် ငါနာကျင်နေရတာတွေလျော့သွားမလား*မကျေနပ်တာတွေအကုန်ပြီးရင်နားထောင်ပေးမှာမို့ အင်္ကျီလဲပြီးရင်ဆင်းလာခဲ့နော် မောင်*
မနမ်းဖြစ်တာကြာတဲ့ပါးတစ်ဖက်ဟာလည်းအေးစက်လို့နေခဲ့ပြန်တယ်
သူသတိမထားမိလိုက်ခင်မှာပဲ အရာအားလုံးဟာ အေးစက်လို့ပြိုလဲလို့*မင်း သိပ်အတ္တကြီးလွန်းတယ် ရွက်ကြွေ*
အခန်းတံခါးဝမှာ ခေတ္တလောက်ရပ်တန့်သွားတဲ့ကျောပြင်ငယ်ဟာ တကယ်လည်းအတ္တကြီးစွာ အရာရာကိုဘာမှမမှုဟန်ကျောခိုင်းလို့သွားလေသည်
ကြိုးပြတ်တော့မယ့်စွန်တစ်ခုလို ယိုင်နဲ့နေတဲ့ငါတို့ရဲ့အိမ်ထောင်ရေးအတွက် လက်လှမ်းမီရာဘယ်ကြိုးစကိုမဆို ငါတစ်ကိုယ်ကောင်းဆန်ဆန်နဲ့ဆုပ်ကိုင်ထားမှာပဲ မောင်
မင်းကိုမစာနာလို့မဟုတ်ပါဘူး ဒီတိုင်း ငါ့အတွက် မင်းမရှိရင် ငါဘယ်လိုရှင်သန်ရမယ်မှန်းမသိလို့ပါ
YOU ARE READING
[ရွက်ကြွေ/Dry Flower]
Romanceကြိုးပြတ်သွားတဲ့စွန်လေးကို ပြန်လည်ဖမ်းဆုပ်ကိုင်နိုင်ဖို့ ရစ်လုံးလေးလည်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး.....။ [Mm Oc fiction]