ကျွန်တော်နိုးလာပြီး ဘေးဘီတချက်ငဲ့ကြည့်လိုက်တော့ အင်း...ကျွန်တော်ဆေးရုံရောက်နေတာပဲ ကျွန်တော့်နားမှာ nurse တစ်ယောက်ပဲရှိနေခဲ့တယ်...
" ဆရာမ ကျွန်တော်ဘာဖြစ်သွားတာလဲ "
" လူနာက နှလုံးခွဲစိတ်ကုသမှုခံယူခဲ့တာပါ၊ဒါပေမဲ့အခုတော့ဘာမှစိတ်ပူစရာမရှိတော့ဘူးနော် အားလုံးအဆင်ပြေသွားပြီမို့ "
" အာ..ဟုတ်ကဲ့ပါဗျ ဒါနဲ့လေ "
" ဟုတ် ဘာလိုချင်လို့လဲရှင့် "
" အလှူရှင်ကဘယ်သူလဲခင်ဗျ "
" ဒါတော့ ကျွန်မတို့ဆေးရုံစည်းကမ်းအရရောအလှူရှင်တွေရဲ့သဘောအရရော ပြောပြလို့မရပါဘူး "
" အလှူရှင်က မိန်းကလေးများလား "
" ကျွန်မတကယ်မသိပါဘူးရှင့် ဒါနဲ့ လူနာ စိတ်ပြေလက်ပျောက်ဖြစ်အောင်လေကောင်းလေသန့်လေးထွက်ရှုချင်လား ဆရာမ လိုက်ပို့ပေးပါ့မယ် "
ကျွန်တော်လည်းမွန်းကြပ်တာနဲ့အတော်ပဲမို့ ခေါင်းသာငြိမ့်ပြလိုက်တော့သည်fourth လည်း Nurse နဲ့အတူ ဝှီးချဲနဲ့အခန်းအပြင်ထွက်လာခဲ့တယ်၊ သူတို့ ဓါတ်လှေကားစောင့်တုန်းမှာ အနားသို့နောက်ထပ် Nurse နှစ်ယောက်စကားပြောဆိုရင်းရောက်လာခဲ့တယ်၊
သူတို့ပြောတာတွေကို ကျွန်တော်မသိမသာ နားစွင့်နေမိတယ် သူတို့ပြောနေကြတာက
" ဟဲ့ရေ မနေ့ကမှ car accident ဖြစ်ပြီး emergency ရောက်လာတဲ့ လူနာလေ အဲဒါနှလုံးခွဲစိတ်လိုက်ရတယ်တဲ့ "
" ဟုတ်တယ် ဟုတ်တယ် အစကမရတော့ဘူးထင်တာ ကံကောင်းလို့ပေါ့ အလှုရှင်ရသွားတာ အလှုရှင်မိသားစုဖက်ကပိုက်ဆံဘယ်လောင်တောင် ရသွားမလဲမသိဘူးနော် "
ကျွန်တော်ဒါကိုကြားတော့ တကယ် ပိုပြီးသိချင်စိတ်တွေထိန်းမရတော့ဘူး ကျွန်တော့်ကိုဘာတွေဖုံးကွယ်ထားကြတာလဲ"အေးဆို ငါလည်းအဲဒါသိချင်တာ ဟဲ့ ဟဲ့ ဟိုမှာ အဲဒါလူနာပဲ တော်ပြီ ဘာမှမပြောနဲ့တော့ "
အင်းးး ဒါဆို ကျွန်တော့်အထင်တော့ ဆေးရုံမှာ ရက်အနည်းငယ်သောင်တင်ရဦးမယ်ထင်တယ်..
.
.
.
ကျွန်တော် အိပ်ရာကနိုးလာတော့ မားနဲ့ပါးကဘေးမှာထိုင်စောင့်နေရာကထလာပြီး
YOU ARE READING
♡ကံကြမ္မာစေရာ♡
Fanfiction" လောကမှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့နေရာ ကိုယ်ကနေရတာပျော်ရွှင်နေတဲ့ရပ်၀န်းဟာ ကိုယ့်အိမ်ပါပဲ... ကိုယ်ပျော်ရွှင်ရတဲ့ရပ်၀န်းကို "ʜᴏᴍᴇ" လို့ခေါ်ကြတယ်... တစ်ခါတစ်လေကျရင် အဲဒီ "ʜᴏᴍᴇ" ဆိုတာမျိုးက မထင်မှတ်တဲ့အချိန် မမျှော်လင့်ထားတဲ့နေရာမှာ ရှာဖွေတွေ့ရှိကြတာမျ...