" မင်း ဒီကိုဘာလုပ်ဖို့လာတာလဲ " ကားမောင်းရင်းတန်းလန်း ford ကမေးလာခဲ့သည်၊အကြောင်းမှာတော့ ညက fourth တစ်ယောက်သူသိချင်တာတွေကိုရှာဖွေရေးဆင်းပြီး အခုမနက် ford ကိုပင့်ကာ ထိုမိန်းကလေးရဲ့ အိမ်တန်ရာရောက်ထိလာစုံစမ်းနေခြင်းပေ....
" ငါလည်း သိချင်လို့လေကွာ "
" မင်းသိချင်တာမှန်ပေမဲ့ အိမ်တန်ရာရောက်ကြီးကျ မများလွန်းဘူးလားကွာ နောက်ပြီး သူ့အိမ်ကဘယ်သူမှရှိမဲ့ပုံလည်းမပေါ်ဘူးကွ တစ်ခုခုဆိုရင် ငါတို့ဂျေးအောင်းနေရမယ်နော် "
"ကဲပါ အဲလောက်အတွေးမများစမ်းပါနဲ့ ငါကြည့်လုပ်မယ်ဟုတ်ပြီလား "
" အေး ပြီးတာပဲ ပြောမရလည်း ကြိုက်တာသာလုပ်တော့ "
" မင်းကားထဲမှာပဲစောင့် တစ်ခုခုဆို မောင်းပြေးလို့ရအောင် ကြားလား "
" အောင်း ဒီကောင် ငါ့ကိုလန့်အောင်လုပ်နေတာပဲ "
" စတာပါကွာ ကဲ စောင့်နေ ငါသွားဦးမယ် "
" ဟယ်လို အိမ်မှာ လူရှိလားမသိဘူး "
"ဟယ်လို.... ၀င်လာပြီနော် "
အိမ်ကိုကြည့်ရတာတော့ ပြောင်းတော့မဲ့အခြေနေလိုလိုပဲ သေချာတော့မပြောတတ် ပစ္စည်းတွေကလည်းရှုပ်ပွနေတာပဲ ကျွန်တော်လည်း အိမ်အထဲကိုတော့မ၀င်ပဲ ခြံထဲမှာရှိတဲ့ ပစ္စည်းတချို့ကို စူးစမ်းကြည့်နေတုန်း....
" မင်းက ဘယ်သူလဲ ဘာလာလုပ်တာလဲ ဟမ် !!"
" ချီး!!!လန့်လိုက်တာ "
" မေးတာဖြေလေ ဘယ်သူလဲ ဘယ်လို၀င်လာတာလဲ "
" ဪ... အန်တီခင်ဗျ ကျွန်တော်က...."
" Janhae ရဲ့ ရည်းစားဟောင်းလား "
" ဟမ် "
" ဒီကောင်မလေးကတော့လေ အသက်ရှင်တုန်းကလည်းကောင်းကျိုးမပေး အခုသေသွားတော့လည်း ဒုက္ခကထားခဲ့ပြန်ပြီ မင်းကရော ဘာလိုချင်တာလဲ အကြွေးတွေဘာတွေဆိုရင်တော့ ငါ့မှာ ပေးစရာတစ်ပြားမှမရှိဘူးနော် ဟိုကောင်မလေးကလည်း ငါ့အတွက် ဘာမှချန်ခဲ့တာမဟုတ်ဘူး "
" အာ...ဟုတ် ကျွန်တော်အကြွေးလာတောင်းတာမဟုတ်ပါဘူး သူကျွန်တော့်စီကနေ ငှားသွားတာလေး လာပြန်ယူတာပါ အန်တီ "
YOU ARE READING
♡ကံကြမ္မာစေရာ♡
Fanfiction" လောကမှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့နေရာ ကိုယ်ကနေရတာပျော်ရွှင်နေတဲ့ရပ်၀န်းဟာ ကိုယ့်အိမ်ပါပဲ... ကိုယ်ပျော်ရွှင်ရတဲ့ရပ်၀န်းကို "ʜᴏᴍᴇ" လို့ခေါ်ကြတယ်... တစ်ခါတစ်လေကျရင် အဲဒီ "ʜᴏᴍᴇ" ဆိုတာမျိုးက မထင်မှတ်တဲ့အချိန် မမျှော်လင့်ထားတဲ့နေရာမှာ ရှာဖွေတွေ့ရှိကြတာမျ...