At Bangkok ~~~
"သားလေး အဆင်မှပြေပါ့မလားဟင် "
" ပြေမှာပါ..ကိုယ်လည်း ကိုယ့်အသိကိုစုံစမ်းကြည့်ခိုင်းထားတယ် အဲကြောင့်အနှေးနဲ့အမြန်တော့ သိရမှာပါ "
" Ford ကိုရောမေးကြည့်သေးလား "
" မေးလည်း ပြောမှာမှမဟုတ်ဘဲ အဲတော့ကိုယ်တို့နည်းကိုယ်တို့ဟန်နဲ့သာ စုံစမ်းကြည့်တာပေါ့ စိတ်မပူပါနဲ့ သိရမှာပါ " ထိုအချိန် ကလင်²~~~
" ဟယ်လို... အာ...ဟုတ်လား သိတယ် သိတယ် အဲမှာပေါ့ဒါဆိုရင်.. ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်နော် ခွန် Kan" fourth ရဲ့ဖေဖေဖုန်းချပြီးတာနဲ့ မျက်နှာမှာ အပြုံးတစ်ခုဟာနေရာယူလာသည်........
.
.
.At ချင်းရိုင် ဖာပန်ဒေါင်း ~~~~
" ဟေ့လူ ... အရှေ့ကလူ... ဟ ခင်ဗျား... ခေါ်နေတာမကြားဘူးလား "
" မင်းကို ခေါင်းဆောင်လို့ခေါ်ဖို့ပြောထားတယ်လေ "
" မခေါ်ချင်ပါဘူး "
" သူများရွာကိုလည်းလာသေး စည်းလည်းမရှိပါလား မင်း "
" ခင်ဗျား စကားပြောတာကြည့်ပြော ဘာကိုစည်းမရှိတာလဲ "
" ဟုတ်တယ်လေ စည်းရှိရင် လူကိုရိုရိုသေသေခေါ်ရမှာပေါ့ "ပြောပြီး gemini တစ်ယောက်ရှေ့သို့ပြန်လှည့်ကာ ခရီးဆက်နှင်တော့သည်...
Fourth လည်းစကားနိုင်လုမနေချင်တာ့" ခွန် gemini..." အနောက်ကကြားလိုက်ရတဲ့ အသံကြောင့် gemini ရဲ့ခြေလှမ်းတို့ရပ်တန့်သွားသည်...
ခေါင်းဆောင်လို့ခေါ်ခိုင်းတာ ဘယ်လိုကြောင့် ခွန် gemini ဖြစ်သွားပြန်တာလဲ ဒီကောင်လေးကတော့ ထားပါ ခွန် gemini လည်းတစ်မျိုးနားထောင်ကောင်းတာပါပဲ..
" ပြော ဘာလဲ " ကျွန်တော် နောက်ကကောင်လေးဘက်သို့လှည့်ပြီး အသံပြုပေးလိုက်တော့
" ခင်ဗျား..အဲလေ ခွန် gemini ရဲ့ သူကြီးအိမ်ကမရောက်သေးဘူးလား "
ကြည့်ရတာတော့ ခရီးကလည်းပန်းလာ ဗိုက်ကလည်းဆာ လမ်းကလည်းထပ်လျှောက်ရတာမို့ နားချင်နေပြီထင်ပါရဲ့ မျက်နှာလေးကဇီးရွက်လောက်သာကျန်တော့သည် ဒီလိုကျလည်း သနားစရာ ဒါပေမဲ့ သနားတာကိုပြလို့ကိုမရ ပြတာနဲ့ ရောင့်တက်လာရော
YOU ARE READING
♡ကံကြမ္မာစေရာ♡
Фанфик" လောကမှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့နေရာ ကိုယ်ကနေရတာပျော်ရွှင်နေတဲ့ရပ်၀န်းဟာ ကိုယ့်အိမ်ပါပဲ... ကိုယ်ပျော်ရွှင်ရတဲ့ရပ်၀န်းကို "ʜᴏᴍᴇ" လို့ခေါ်ကြတယ်... တစ်ခါတစ်လေကျရင် အဲဒီ "ʜᴏᴍᴇ" ဆိုတာမျိုးက မထင်မှတ်တဲ့အချိန် မမျှော်လင့်ထားတဲ့နေရာမှာ ရှာဖွေတွေ့ရှိကြတာမျ...