𝑪𝒉𝒂𝒑𝒕𝒆𝒓 4

22 4 0
                                    

" ခွန် fourth လားမသိဘူး‌ဗျ "

" ဟုတ်ပါတယ် "

" ကျွန်တော်က prom ပါ ရွာသူကြီးကလာကြိုခိုင်းထားလို့လေ "

" အာ..ဟုတ် ဟုတ် "

" အထုတ်တွေကျွန်တော့်ကိုပေးနော် ခွန် fourth ကားကဟိုဘက်မှာပါ လာပါ " fourth လည်းထိုလူခေါ်ရာနောက်ကို‌လိုက်လာပြီး ကားပေါ်တက်လိုက်တယ်၊ ပြီးနောက်သူတို့ကားလေးဟာ ချင်းရိုင်ကားဂိတ်ကနေ ဖာပန်ဒေါင်းရွာလေးစီကို တရွေ့ရွေ့စတင်ထွက်ခွာလာခဲ့တယ်.....

" ခွန် fourth ခင်ဗျ ကျွန်တော်ခွန့်ကို ဆရာလေးလို့ပဲခေါ်မယ်နော် နောက်လည်းဒီလိုပဲခေါ်ရမှာဆိုတော့လေ "ကားမောင်းနေတဲ့ တစ်ဖက်လူစီကနေ ထွက်လာသောစကားသံ

" ရပါတယ် အဆင်ပြေသလိုခေါ်ပါ ရင်းရင်းနီးနီးပေါ့ "

" ‌ဒါနဲ့လေ ဆရာလေး fourth ကဘာလို့ ဒီလိုဘာမှမရှိခေါင်ခိုက်တဲ့ရွာမှာ လုပ်အားပေးဆရာလုပ်ဖို့ ရွေးခဲ့တာလဲဗျ ကျွန်တော်မေးတာတစ်မျိုးမထင်ပါနဲ့နော် တော်တော်များများလူတွေက ဒီရွာကို လုပ်အားပေးလာမလုပ်ချင်ကြဘူးလေ အရင်ဆရာမတောင်မှပဲ ရှားရှားပါးပါး ရထားတာ အဲဒါကြောင့်ပါ " တစ်ဖက်လူရဲ့ "အရင်ဆရာမ" ဆိုတာဟာ P'Janhae ကိုရည်ညွှန်းကြောင်း fourth ကောင်းကောင်းသိပါသည်

" ရပါတယ် အမှန်ပြောရရင် ကျွန်တော်လည်းအစကစိတ်ကူးမရှိပါဘူး ဒါပေမဲ့ အကြောင်းတစ်ခုဖန်လာတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ပြောင်းသွားတယ်လို့ပြောရမယ်ဗျ "

" အာ...အဲလိုလား ဟုတ်ပါပြီ ဘာမှစိတ်ပူမနေနဲ့နော် ဆရာလေး ဒီရွာကရွာသူရွာသားတွေက အရမ်းဖော်ရွေကြတာ ဆရာလေးကိုလည်းသူတို့ချစ်ကြမှာပါ "

" မျှော်လင့်ရတာပေါ့ဗျာ ဟား ဟား "
လမ်းတစ်လျှောက်လုံးမှာတွေ့ရတဲ့ မြင်ကွင်းလှလှလေးတွေက တကယ် fourth ရဲ့စိတ်ကိုလန်းဆန်းသွားစေတယ်၊ တောင်တန်းလေးတွေ ပန်းတွေ မြက်ခင်းပြင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ တကယ့်ရင်သပ်ရှုမောဖွယ်အပြည့် fourth တစ်ခါမှ ဒီလိုအေးချမ်းတဲ့နေရာမျိုးကိုမတွေ့ဖူးသေးတာအမှန် အဲဒါကြောင့် P'Jan ဒီရွာလေးအကြောင်းကို အမွှန်းတင်တာမဆန်းပါဘူးလေ၊ ဒါပေမဲ့ ကျွန်တော်ကလူသစ်ဆိုတော့ ရွာကလူတွေနဲ့တော့ အသားကျဖို့နည်းနည်းခက်ဦးမယ်ထင်ပါရဲ့ သို့ပေမဲ့လည်းကြိုးစားကြည့်ရမှာပဲ....
ကျွန်တော်လည်း ခရီးလမ်းတစ်လျှောက်လုံး ရှုခင်းတွေကိုကြည့်လိုက် ပြုံးလိုက် အတွေးလေးတွေတွေးလိုက် ဘေးကလူနဲ့စကားစမြည်လေးပြောလိုက်နဲ့ တော်တော်လေးကိုမှ စိတ်ပျော်နေခဲ့တာ...ဒါပေမဲ့ ဒီလိုခရီးလမ်းအကြာကြီးသွားစမရှိလို့နဲ့တူပါတယ် တဖြည်းဖြည်းခေါင်းတွေမူးလာပြီးမျက်စိတွေနည်းနည်းပြာစပြုလာတာ ဘေးကလူကိုလည်းမပြောပြချင် တော်ကြာစိတ်ပူပြီးဒုက္ခပေးသလိုဖြစ်နေမှာဆိုးတာကြောင့် မှေးသာနေလိုက်တော့သည်...
.
.
.
" ဆရာလေးဗျ... ဆရာလေးfourth " ဘေးကခေါ်သံကြောင့်ကျွန်တော်နိုးလာခဲ့သည် မှေးလိုက်တာဘယ်အချိန်ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက် ရွာကိုတောင်ရောက်ပြီ

" ရောက်ပြီလားဟင် "

♡ကံကြမ္မာစေရာ♡Where stories live. Discover now