What about us

376 20 2
                                    

အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်

နိုင်ငံရေး
စီးပွားရေး
အဘက်ဘက်က ပရောဂ ကင်းပါရဲ့နဲ့ ကျွန်တော်တို့ ဘာလို့ လက်ထပ်ဖြစ်ခဲ့ပါသလဲ။

အကျဥ်းချုပ်လက်ထပ်ပွဲလေးထဲမှာ
ပြိုတော့မယ့်  မိုးလိုမျက်နှာထားတွေ
မပီမပြင် နှုတ်ဆက်သံယဲ့ယဲ့တွေ
လေတိုးနေတဲ့ ကမ်းစပ်ဝယ် ၂၀ ကျော်ကျော်လောက်သာပါမယ့် လူဦးရေနဲ့ ကျင်းပနေဆဲ လက်ထပ်မင်္ဂလာပွဲလေး

ပကာသနလည်း ကင်းသလို
ချစ်ခြင်းမေတ္တာဟာလည်း ကင်းပါတယ်..

ကတိစကားတွေမပါပဲ ကျင်းပဖြစ်ခဲ့တဲ့
မင်္ဂလာတေးသွားတွေ သီကျူးခွင့်မရှိတဲ့
အဲ့ဒီလက်ထပ်ပွဲလေးဟာ

ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်း အခန်းကဏ္ဍ(၁)

"ဗြောင်ဘတ်ဟျွန်းလို့ ခေါ်ပါတယ်"

"ရှေ့လျှောက်အကူအညီ တောင်းပါတယ်.."

ဟုတ်ပါတယ်
ကျွန်တော်တို့ နှစ်ယောက် ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တာဟာ အဲ့ဒီနေ့
ကျွန်တော်တို့ရဲ့ လက်ထပ်မင်္ဂလာပွဲနေ့

#Heki

My Dopamine (အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်)Where stories live. Discover now