ကျွန်တော်မှ ကျွန်တော်တို့ ဆီသို့

218 26 4
                                    

အခန်း - ၂

ဘာက ကိစ္စရှိတာလဲဆိုရင် တစ် ခုတင်တည်း အတူအိပ်ရမယ်ဆိုတာကြီး ကိစ္စရှိတာပါ

ဘယ်လို လက်မခံနိုင်လောက်တဲ့ အကြောင်းအရာကြီးလဲ

ဘတ်ဟျွန်းဆိုတဲ့ ကျွန်တော်က
အဲ့ဒီ ပတ်ချန်းယောလ်နဲ့ တစ်ခုတင်တည်း အတူအိပ်ရမယ်တဲ့လေ

အဲ့ဒါကလည်း ညစဥ်ရက်ဆက်
ညတိုင်း ၁၀ နာရီထက် နောက်မကျပဲနဲ့တဲ့လေ

ဟားးးးး
ဘယ်လိုတောင် အဓိပ္ပာယ် ကင်းမဲ့နေလိုက်မှုကြီးလဲ...

***

ကုတင်စွန်း တစ်ဖက် တစ်ချက်ဆီ တိုးကပ်ထားကြရင်း အမျိုးသားနှစ်ယောက်ဟာ ခုတင်တစ်ခုတည်းပေါ်မှာ ကိုးယို့ကားယားဆန်လှစွာ နေရာယူထားကြတယ်...

ဒီညဟာ ကျွန်တော်တို့ဆိုပြီး စတင်ကြတဲ့ မင်္ဂလာဦးည ဖြစ်ပါတယ်...

ဘာအထွေအထူးမှ မရှိပဲ နောက်ကျိကျိ အာရုံတစ်ချို့နဲ့ အိပ်ပျော်သွားတာ ခဏလေးအတွင်း

မနက်မိုးလင်းတဲ့အခါမှာလည်း ဒရမ်မာတွေထဲကလို သူတို့ တစ်ယောက်နဲ့တစ်ယောက် ဖက်လျှက်သားရှိမနေကြပါဘူး။ အဲ့ဒီအစား စောင်ကြီးတစ်ခုလုံးကို ဘတ်ဟျွန်းက ပတ်ထားပြီး ချန်းယောလ်ကတော့ ကုတင်ထောင့်စွန်းမှာ ကွေးကွေးလေး ..
ပြီးတော့ ဘတ်ဟျွန်းလက်ဖဝါးလေးက ပတ်ချန်းယောလ်ရဲ့ လက်ဖဝါးကြီးထဲ အလုံးစုံနစ်ဝင်လို့ သူက အိပ်မောကျလို့ကောင်းတုန်း။
ကံကောင်းစွာပဲ ဆိုးဆိုးဆတ်ဆတ်ဆွဲယူလိုက်ဖို့ တွေးနေတုန်း လွန့်လူးနိုးထလာသူကြောင့် လက်ကို မရုန်းဖြစ်ပဲမျက်စိကိုအသာမှိတ်လို့ ငြိမ်နေလိုက်တယ်။

ပြီးတော့ အက်ရှရှအသံတိုးတိုးလေး နားစည်ထဲတိုးဝင်လာတယ်။

"Good Morning.."

နံနက်စာ လက်ဖက်ရည်ဝိုင်းလေးမှာတော့ ပတ်ချန်းယောလ်က ဒီလိုစကားစလာတယ်

"ဘတ်ဟျွန်းရှီး
အားနာပေမယ့် ညအိပ်ရင် အမြဲတမ်း အဲ့လို ကြမ်းတမ်းတတ်တာလား.."

"ဘာ.."

ဘတ်ဟျွန်းတစ်ယောက် အံ့သြနဘန်း ပါးစပ်အဟောင်းသားဖြစ်လို့သွားရတော့တယ်။
တစ်ခါမှ သူအဲ့ဒီလို စကားမျိုး မကြားဖူးတာကြောင့်ပင်..

My Dopamine (အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်)Where stories live. Discover now