မင်းဘယ်မှာလဲ

79 7 2
                                    

ဘယ်သွားမှန်းမသိရတဲ့ နောက်ဖွင့်ထရပ်ကားကြီးပေါ်မှာ ဘတ်ဟျွန်းနဲ့တူ ရိုက်နှက်ခံထားရတဲ့ ကျောင်းသားများအားလုံး သွေးသံရဲရဲဖြင့်။

သေနတ်ကိုင်ထားတဲ့ စစ်သားတစ်ယောက်က မထင်ရင် မထင်သလို ရိုက်နှက်ကန်ကြောက်နေသေးတာမို့ ဖမ်းဆီးခံလာရတဲ့ အားလုံးနီးပါး ခေါင်းရဲ့အနောက်ဖက်ကို လက်ပြန်တွေ ယှက်တင်ထားရကြရင်းက ကန်ကြောက်ရိုက်နှက်လာခြင်းကိုလည်း ခံနေကြရသည်။

ဒီလိုနဲ့ ဘတ်ဟျွန်းသေရတော့မှာလား။

လူမသိ သူမသိနဲ့ ပျောက်ကွယ်သွားလေတော့မလား။

ခေါင်းက တစ်တောက်တောက်ကျနေတဲ့ စေးပျစ်ပျစ်သွေးတွေနဲ့အတူ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းက စိတ်ရှိတိုင်း နာကျင်နေသည်။ တစ်ချက်တစ်လေ ကျရောက်လာတတ်တဲ့ ရိုက်နှက်ချက်တွေပါပေါင်းလိုက်တဲ့အခါ ခန္ဓာက စကာပေါက်တွေများဖြစ်နေသလား ထင်ရလောက်အောင် အထိနာစွာ။

ပိုနာကျင်ကိုက်ခဲလာလေ 

အားအင်တွေ ပိုဆုတ်လျော့လာလေ။

မျက်စိရှေ့တင် ဖြစ်ပျက်သွားတဲ့ မယုံနိုင်စရာ အဖြစ်အပျက်တစ်ခုဟာ အားတက်ဖွယ်။

ထရပ်ကားဘေးဘက်ဘောင်တွေကနေ ရုတ်တရက်ခုန်ချသွားတဲ့လူတစ်ယောက်။ တံတားဆီကနေ အရှိန်နဲ့ ပစ်ကျသွားတဲ့အပြင် အမိအရ သေနတ်တွေနဲ့ လိုက်ပစ်နေကြသေးတာကြောင့် ထိုသူ အသက်ရှင်နိုင်ပါ့မလား ဘတ်ဟျွန်းမသေချာပေ။

အသက်ရှင်ပါ့မလားလို့ ဘေးကကျောင်းသားတစ်ယောက်ရဲ့ မချိတင်ကဲ ရေရွတ်သံကို ခပ်ယဲ့ယဲ့ကြားလိုက်ရသေးတယ်။

ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် ဘယ်တုန်းကမှ ဆေးကုဖို့ ဝါသနာမထုံခဲ့တဲ့ ဘတ်ဟျွန်း အခုမြင်နေရတဲ့ သွေးသံရဲရဲတွေကြားထဲမှာတော့ တစ်ယောက်တစ်လေမှ မကယ်တင်ပေးနိုင်ပါလားဆိုတဲ့ လူကယ်ချင်စိတ်‌ကလေးတွေ ဟိုတစ်စဒီတစ်စ ပေါ်ပေါ်လာတာ ဝန်ခံနေရသည်။

ရှက်ရှက်နဲ့ထပ်ဝန်ခံရရင်တော့ ကိုယ့်ကိုကိုယ်တောင် မဟန်နိုင်တဲ့အချိန်တစ်ခုရောက်မှ စွန့်ပစ်ထားတဲ့ ပညာဟာ ရတနာတစ်ခုမှန်း နားလည်လာရတာဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Sep 27 ⏰

Add this story to your Library to get notified about new parts!

My Dopamine (အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်)Where stories live. Discover now