ထွေထွေထူးထူး ကြိုက်တတ်တာ ဘာရှိလဲ

140 21 5
                                    

အပိုင်း ၇

သူပြောတဲ့ နည်းနည်းဖြစ်ဖြစ်အေးချမ်းတယ်နေရာဆိုတဲ့ နေရာရောက်တဲ့အချိန်မှာတော့ မိုးဟာစုန်းစုန်းချုပ်နေပြီ ဖြစ်သည်။

ဘတ်ဟျွန်းတွေးထားတဲ့ ဆိုဂျူလေးတစ်ခွက်လောက်အေးအေးလူလူသောက်ဖို့ ကိစ္စကလည်း အလိုလိုပျောက်ရှသွားခဲ့ရတယ်။
အကြောင်းအရင်းကတော့ ချန်းယောလ်ခေါ်လာတဲ့အိမ်က နွားမကြီး ကလေးလေးမွေးလို့ ဘတ်ဟျွန်းတို့ပါမကျန် ဝိုင်းကူနေရလို့ဖြစ်တယ်။

တစ်ခါလေးတောင်စိတ်နဲ့မကူးကြည့်ဖူးတဲ့ ကိစ္စဟာ အဲ့လိုမျိုး ဖြစ်ပျက်လာခဲ့တယ်။
အဲ့ဒီ မြို့ပြနဲ့ခပ်ဝေးဝေးက နေရာလေးမှာ လူတွေက နွားတွေကို ကရုတစိုက်မွေးကြတယ်။
ပိုပြီးထူးဆန်းတာက နွားတွေကို မီးလင်းဖိုပါ ဖိုပေးကြပြီး စောင်တွေပါ ခြုံပေးကြတယ်။

နွားတင်းကုပ်ဟာ မိုး‌လုံလေလုံ အကာအကွယ်တွေနဲ့ ဖြစ်ပြီး မီးလင်းဖိုရဲ့ အနွေးဓာတ်ဟာ နွားတင်းကုပ်တစ်ခုလုံးကို နွေးနွေးထွေးထွေးလေးဖြစ်နေစေတယ်။

ဗိုက်နာနေတဲ့ နွားမကြီးက ထိုင်လိုက်ထလိုက်။
တမွားမွား အော်လိုက်။ သူ့သခင်က ခေါင်းကလေးကို ပွတ်ပေးတဲ့အခါ မျက်နှာငယ်လေးနဲ့မော့ကြည့်လိုက်။ အရာရာဟာ ဘတ်ဟျွန်းအတွက် အံ့ဩစရာ။

အချိန်တစ်ခုကြာပြီးသွားတဲ့အခါမှာတော့ ရေအိတ်ကြီးဟာ တစ်ဖြေးဖြေးချင်းထွက်လာပြီး ကွဲသွားတယ်။ပြီးတော့ နွာကလေးလေးရဲ့ ခေါင်းလေးထိုးထွက်လာတယ်။
သခင်တွေကတော့ အနားကနေပဲ ကြည့်ရင်း အကဲခတ်နေတယ်။

နွားမကြီးက အိပ်နေရာကနေ ရုတ်တရက်ကုန်းထလိုက်တယ်။

"အိုမို အိုမို အိုသိုခယ်..."

ဘတ်ဟျွန်းရဲ့ အလန့်တကြား ရေရွတ်တဲ့ အာမေဋိတ်သံလေးထွက်လာတော့ အနားက ချန်းယောလ်နဲ့အတူ ဒီအိမ်ရဲ့ ပိုင်ရှင်တွေဖြစ်ဟန်တူတဲ့ ဦးလေးကြီးတွေပါ လှည့်ကြည့်လာတယ်။
သူတို့ကတော့ အေးအေးဆေးဆေး။
ချန်းယောလ်ကတော့ မှေးစင်းနေပြီဖြစ်တဲ့ မျက်ဝန်းတွေကို ကြိုးစားဖွင့်ရင်း ဘတ်ဟျွန်းဘေးမှာ တစ်ချက်ချက် ငိုက်သွားတတ်တယ်။

My Dopamine (အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်)Where stories live. Discover now