ရင်ခုန်သံ အပိုင်းအစများ

141 19 10
                                    

အပိုင်း ၈

"ဒါနဲ့ ချန်းယောလ်
ညကလေ ဘာလို့ နွားမကြီးကို အရက်တိုက်တာလဲ.."

"..."

"မဟုတ်သေးပါဘူး
အရက်ဆိုတာကကွာ လူသောက်ရင်တောင် မူးသေးတာ
ကလေးအမေကို အရက်သွားတိုက်တော့ ဒုက္ခမရောက်ဘူးလား"

"..."

"ဟမ် ချန်းယောလ်.."

တစ်လျှောက်လုံး အဖြေစကားမလာပါပဲ
ရုတ်တရက်ပြောလာတာက

"မင်း မအေးဘူးလား.."

"အေးတယ်
အေးလို့ ပါးစပ်ကို လှုပ်နေတာပေါ့
ပါးစပ်ဖြစ်ဖြစ် နွေးနေအောင်.."

"အင့် တစ်ကိုယ်လုံးနွေးပြီမို့ ပါးစပ်လေးပဲ ပိတ်ထားပေး.."

ချန်းယောလ် ကိုယ်ပေါ်က ထူထဲထဲ ခြုံထည်က ဘတ်ဟျွန်းပုခုံးပေါ်ကနေ ဒူးဆစ်အောက်နားအထိ လွှမ်းခြုံသွားပြီး တစ်ကိုယ်လံုးနွေးထွေးသွားတာလဲ တကယ်။
ဘာစကားမှ ထပ်ပြောခွင့်မရ‌တော့တာလဲ တကယ်။

လက်ဖဝါးလေးတစ်ဖက် ပြန်လည်နွေးထွေးသွားပြီးတဲ့နောက်မှာ ဘတ်ဟျွန်းက နောက်တစ်ကြိမ်အိပ်စက်ခြင်းဆီကို တိုးဝင်သွားတယ်။
ချန်းယောလ်က မျက်နှာကျက်ဆီငေးပြီး မိုးလင်းသွားတယ်။

ညတာဟာ တိုတယ်။

********

ဘတ်ဟျွန်းအိပ်ရာကနိုးလာတဲ့အချိန်မှာ ချန်းယောလ်အိပ်ခဲ့တဲ့ဘက်ခြမ်းက အေးစက်နေပြီမို့ အိပ်ရာထသွားတာ ကြာပြီထင်သည်။

ကိုယ်လက်သန့်စင်ပြီးထွက်လာတဲ့အခါ

ခြံရှေ့ကွက်လပ်မှာ ချန်းယောလ်က သစ်လုံးရဲ့ပင်စည်ထင်းလုံးကြီးတွေကို တဖြောင်းဖြောင်း ခွဲနေတယ်။ ဆောင်းတွင်းကြီးမှာ ချွေးဒီးဒီးကျနေတဲ့ ချန်းယောလ်က သူ့ကိုမြင်တဲ့အခါ အနားထိလျှောက်လာပြီး

"ထမင်းစားခန်းထဲမှာ မနက်စာအုပ်ထားတယ် မစားရသေးဘူးမလား.."

ရေသန့်ဘူးတစ်ဘူးကို လေလိုအမြန်နှုန်းနဲ့ သောက်ရင်း ပြောလာပြီး ထင်းခွဲနေရာကို ပြန်လျှောက်သွားတယ်။

"ချန်းယောလ်ရော စားပြီးပြီလား.."

‌မြှောက်လက်စ ပုဆိန်ကို လေထဲကပြန်ချပြီး
လည်ပင်းစပ်က ‌ေချွးစတို့ကို သုတ်ရင်း

My Dopamine (အကြင်နာတွေ မိုးလိုရွာမယ့် မနက်ဖြန်)Where stories live. Discover now