Part-4🌼

63 5 0
                                    

<Unicode>

"ငါနာမည်ရောထည့်လိုက်...
အဲ့ကမဲ့လူစာရင်းထဲ"

"ဒါပဲလေ...ဒါမှငါတို့သူငယ်ချင်း"

အတန်းတွင်းသို့စုံညီပွဲတော်အတွက်ကရန်စာရင်းလာကောက်သည့်
အတန်းခေါင်းဆောင်ဖြိုးအောင်အောင်အားပိုင်မင်းခန့်ဦးမှပြောလိုက်သည်။ထို့နောက်နောက်ခုံသို့လှည့်၍
ဟန်ဇင်မင်းထိုက်အားမေးရာ...

"မင်းရောပါမယ်မှတ်လား ဟျောင့်?"

"ဘယ်သူကပါမယ်ပြောမိလို့လဲဟ"

"မင်းကသာမပါဘူးပြောနေတာ
မင်းအဒေါ်ကဖြင့်မင်းအတွက်နာမည်စာရင်းသွင်းပေးလိုက်ပြီတဲ့"

"ဟမ်!"

"ဟုတ်တယ်လေဟန်ဇင်မင်းထိုက်ရယ်
နင်ကဆုကလည်းရသေးတယ်...
ကပွဲထဲလည်းဆုရတဲ့ကလေးတွေ
အကုန်ကရမယ်"

ဘေးနားမှရောက်နေသောသင်္ချာဆရာမမှတစ်ချက်လွှတ်အမိန့်ထုတ်လိုက်ရာစတုတ္ထတန်းမှ
"မနောမြေမှ တေးသံသာ"သီချင်းဖြင့်အဖွဲ့လိုက်ကရတော့မည်ဖြစ်သည်။စာရင်းသွင်းထားဖြင့်ကရတော့မည်ဖြစ်ရာ ဟန်ဇင်မင်းထိုက်တစ်ယောက်စိတ်ရှုပ်စွာနဲ့ပင် မျက်မှောင်ကျုတ်လိုက်ပြီး

"ကျစ်!..တီသွယ်ကဘာကြီးမှန်းလဲမသိဘူးကွာ...ငါမှမပါချင်တာကို"

"ဘာလို့လဲဟ..
မင်းကလဲအတွေ့အကြုံအသစ်ရတာပေါ့ငါတို့တွေလည်းအကုန်ပါနေတာကို
ပြီးတော့စာသင်ချိန်တွေမှာလည်း
အကပဲတိုက်ရမှာလေပျော်စရာကြီးကို"

"........"

"ငါတို့စုံတွဲလိုက်ကရမှာမှတ်လား
အဟီးဟီး...ငါကတော့ထက်သိင်္ဂီကျော်နဲ့တွဲကရရင်ကောင်းမယ်"

"ဒီနှာဗူးက တမျိုး"

စံလင်းဟန်နှင့်အာကာစိုးမြင့်မှတစ်ယောက်တစ်ပေါက်ပြောနေကြရင်း

"ငါ့လီး...စုံတွဲတောင်ကရမှာလားဟ?.."

"ဘာလဲမင်းကမိန်းကလေးတွေနဲ့မကပဲ ငါနဲ့ကချင်လို့လား... အဟက်"

"အေးလေ...
မင်းနဲ့ကရတာကမှတော်သေးတယ်
ငါကမိန်းကလေးတွေတစ်ယောက်နဲ့မှ
မသိတာ"

Destiny can't judge Our LoveWhere stories live. Discover now