Part-10🌼

53 4 0
                                    

<Unicode>

ဒီရက်ပိုင်းများအတွင်းရာသီဥတုကြီးမှာဆိုးသည်ထက်ကိုပို်ဆိုးလာသဖြင့်အပူပြင်းလွန်းနေရာမိုးရွာဖို့အတွက်ပင်ဖားများလည်းအသံကုန်အော်နေရပေသည်။လူသားများသည်သာရာသီဥတုဒဏ်ခံရသည်မဟုတ်...တိရိစ္ဆာန်များလည်းအလူးအလဲပင်ခံစားနေရပေသည်။နေပူနေသော်လည်းဟိုတယ်ဆောက်မည့်အရေးကြီးသည့်အစည်းအဝေးရှိသည်မို့ဟန်ဇင်မင်းထိုက်တစ်ယောက်မန္တလေးမြို့ထဲရှိကော်ဖီဆိုင်တစ်ခုတွင်ထိုင်၍စောင့်နေသည်မှာမနက်ခင်း၉နာရီကထဲကပင်..။သို့သော်မီတင်စမည့်အချိန်မှာ၁၁နာရီထိုးမှဖြစ်သည်။ပိုက်ဆံရှိသူဖြစ်တဲ့သူပီပီကော်ဖီဆိုင်၏အအေးခန်းတစ်ခန်းကိုသာနာရီနှင့်ပေးငှားထားခြင်းဖြစ်သည်။သူရောက်နေသည့်အခန်းမှာအလုံပိတ်ခန်းဖြစ်နေသလိုဒီနှစ်နာရီအတွင်းဘယ်လိုရာသီဥတုအခြေနေရှိနေလည်းသူမသိချေ။ထို့နောက်လက်ထောက်အကူမောင်လွင်ညီဦးတစ်ယောက်အခန်းထဲဝင်လာ၍

"အစ်ကိုလေးဗျ...ဧည့်သည်တွေရောက်နေပါပြီ"

"ဩ..ဒီကိုခေါ်လာခဲ့လိုက်အအေးတွေပါအသင့်ပြင်ထားလိုက်.."

သူလုပ်လက်စအလုပ်များအားသိမ်းလိုက်ပြီးဝင်လာသူများအားဝင်ပေါက်မှနေ၍ကြိုဆိုကာ...နောက်ဆုံးမြင်လိုက်ရသည့်တစ်ယောက်ကြောင့်မျက်လုံးတစ်ချက်ပင့်လိုက်ပြီးမူမပျက်အောင်ထိန်း၍သူ့ကိုလည်းကြိုဆိုလိုက်ရသည်။သူ့စိတ်ထဲတွင်

'ဘာလား ဒီတစ်ယောက်က'

လူများလည်းစုံနေပြီဖြစ်၍ခေါင်းဆောင်ဟုထင်ရသောထိုတစ်ယောက်မှစပြီး

"လူစုံပြီဆိုတော့....ကဲအားလုံးပဲမင်္ဂလာပါခင်ဗျ...ကွျန်တော်ကတော့"Paing" construction company ကCEOပိုင်မင်းခန့်ဦးပဲဖြစ်ပါတယ်ခင်ဗျ"

သူစကားဆုံးသည်နှင့်ဟန်ဇင်တစ်ယောက်မျက်မှောင်ကြုတ်ပြီးအတော်ပင်စိတ်ထဲရှုပ်သွားသဖြင့်ခေါင်းကိုသာငုံ့ပြီးအတွေးလွန်နေလေသည်။အခုနကနောက်ဆုံးမှဝင်လာသူမှာရန်ကုန်ကမိုင်လိုဝယ်တိုက်ခိုင်းသောသူဖြစ်နေ၍အပြာရောင်suitကိုအနက်ရောင်နက်ခ်တိုင်တို့တွဲ၍ဝတ်ထားပြီးဆံပင်မှာလည်းသေသပ်နေသည်ကိုတွေ့လိုက်ရသောကြောင့်လူကြီးလူကောင်းပုံစံပေါက်နေလေသည်။ယခုဖြင့်ထိုသူက...

Destiny can't judge Our LoveWhere stories live. Discover now