<Unicode>
"ဘာတုန်းဟ....!!မင်းတို့နှစ်ကောင်ကငါနဲ့ပြန်မလိုက်ဘူးလား""ဟာ..လိုက်ချင်တာပေါ့ဟျောင့်ရဲ့ငါတို့ပါးနဲ့မားကလည်းမုံရွာမှာပါဆို....အလုပ်တွေမှမပြတ်သေးတာကို"
"မင်းတို့မလိုက်ရင်လည်း..ငါမန္တလေးပဲပြန်တော့မှာမုံရွာမပြန်သေးဘူးအစည်းအဝေးလုပ်စရာတွေရှိသေးတယ်"
"အဲ့တာဆိုလည်းမင်းအရင်ပြန်နှင့်လေ
မင်းညီကအဲ့ဆီမှာမှတ်လား?""အင်း..ဟုတ်တယ် မတွေ့ရတာကြာပြီဆိုတော့သူတို့ကိုစပရိုက်တိုက်ရရင်ကောင်းမလားလို့"
ဟိုတယ်၌၃ရက်လောက်အိပ်လိုက်စားလိုက်လုပ်ရင်းသာအချိန်ကုန်နေသည့်ဟန်ဇင်တစ်ယောက်အတော်ပင်ပျင်းနေပြီဖြစ်သည်။ရန်ကုန်မြို့ကြီးထဲလျှောက်လည်ချင်သော်လည်းသူနှင့်အတူတူလည်ပေးမည့်သူကမရှိနေပေ။ထို့အတွက်ဘုန်းဝေယံနှင့်ညီမင်းမြတ်အားခေါ်၍အိမ်ပြန်မည့်အကြောင်းအားတိုင်ပင်နေလေသည်။
"ကောင်းသားပဲမင်းညီကမှတ်ရောမှတ်မိပါ့မလား..မင်းပြန်လာတာသိပြီးပြီလား"
"ဟအင့်...မသိသေးဘူး"
"အဲ့ဒါဆိုလုပ်လိုက်လေ မန္တလေးမှာမင်းအဖေနဲ့အမေပါရှိတာမှတ်လား"
"မနေ့ကဖုန်းပြောတုန်းကတော့ဒီနေ့မှသူတို့လည်းမန္တလေးလာမှာတဲ့...ရလောက်မှာပါငါအရင်ပြန်နှင့်တော့မယ်နောက်အပတ်ကျငါ့ဟိုတယ်ဆောက်ပေးမဲ့ကုမ္ပဏီကလူတွေနဲ့တွေ့ရအုန်းမှာအဲ့ချိန်ကျရင်တော့မင်းတို့လာဖြစ်အောင်လာခဲ့ကြ"
"အေးအေး...အဲ့တာဆိုလည်းကားကိုဖြေးဖြေးမောင်းသွား..ဂရုစိုက်
အခုမှမနက်အစောကြီးရှိပါသေးတယ်...
နေ့လယ်လောက်ဆိုရောက်မှာပါ""အေးလေ..ရောက်ရင်ဖုန်းဆက်လိုက်နော်ဟျောင့်"
"အေးပါကွမင်းတို့ကလည်း..စိတ်မချရင်ကိုယ်တိုင်လိုက်ပို့လိုက်ကြလေ"
"နိုင်ငံခြားကပြန်လာတဲ့ကောင်ဆိုတော့လမ်းပြောင်းပြန်တွေမောင်းနေမှာဆိုးလို့ဟေ့"
"ဟားဟား....မင်းကွာ"
ဘုန်းဝေယံပြောသည်ကိုညီမင်းမြတ်နှင့်ဟန်ဇင်တို့နှစ်ဦးသားမျက်နှာချင်းဆိုင်ကြည့်ရင်းရီကြလေသည်။ထို့နောက်ဟန်ဇင်တစ်ယောက်သူတို့နှစ်ဦးအားနှုတ်ဆက်ခဲ့ပြီးမန္တလေးသို့အဝေးပြေးလမ်းကြီးတစ်လျှောက်တစ်ယောက်ထဲကားမောင်း၍သာထွက်ခဲ့သည်။သူထိုသို့လွပ်လွပ်လပ်လပ်နှင့်ကိုယ်ဖာကိုယ်နေရသည်ကိုလည်းသဘောကျပါသည်။
အဝေးပြေးလမ်းမကြီးပေါ်....
ကားကိုမောင်းရင်း.....
သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားလျက်...
ဘေးပတ်ဝန်းကျင်မှာလည်းမနက်ခင်းစောစောစီးစီးဖြစ်၍နေမင်းကြီး၏မနက်ခင်းနေရောင်ခြည်နဲ့အတူ နေ့သစ်လေးကိုစတင်ရသည်မှာသူ့အတွက်တစ်မျိုးပင်ချစ်စရာဖြစ်နေလေသည်။သူမန္တလေးသို့ရောက်သည်နှင့်သတိရသည်မှာမဟာမြတ်မုနိဘုရားကြီးဆီသို့သွားရန်ပင်ဖြစ်သည်။သို့သော်ငြားလည်းနေ့လည် ၂ နာရီမှမန္တလေးရောက်သဖြင့်ကားရောလူရောပါနေအပူရှိန်ကြောင့်ပင်ပန်းနေပြီဖြစ်ရာအမေနှင့်အဖေလည်းရောက်မည်အထင်နှင့်အိမ်ကိုသာတန်းတန်းမတ်မတ်ပြန်လာလေသည်။အိမ်ရှေ့ရောက်၍ဟွန်းတီးလိုက်ရာအိမ်ထဲမှအိမ်စောင့်မမြခင်ထွက်လာပြီးဖွင့်ပေးလေသည်။သို့သော်-
YOU ARE READING
Destiny can't judge Our Love
Storie d'amoreIt's all about First Love:3ကိုယ့်ဖက်ကနေဘဲ သဘောကျခဲ့ရတဲ့အချစ်ဦးက တချိန်ချိန်မှာတော့ ကိုယ့်ရဲ့သတို့သားလောင်းဖြစ်လာနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးဘဲဖြစ်ပါတယ်။ ဖြစ်နိုင်ချေက 100%မှာ 1% လောက်ဆိုပေမယ့် just imagination မို့လက်တွေ့နဲ့မတူနိုင်တာတွေလည်းရှိနိုင်တ...