Part-17🌼

36 4 0
                                    

<Unicode>

ရွှေမြင်တင်တောင်အောက်ရှိမနီးမဝေးတွင်ကြာကန်ကြီးတစ်ကန်၌ကြာဖူးကြာငုံများစွာဖူးပွင့်ကြလျက်။ထိုကြာကန်ကြီးနှင့်အရှေ့ရပ်မှထွက်လာသည့်နေမင်းကြီးကြောင်ပင်သူတို့နှစ်ဦး၏မနက်ခင်းဆည်းဆာမှာအတော်ပင်ပြည့်စုံနေ၏။စက်ဘီးနှင့်ပင်ရွာငယ်များ၊သရက်ခြံများ၊လယ်ကွင်းလေးများကိုကျော်လွန်၍ဗောဓိတစ်ထောင်ဘုရားဆီသို့တောင်တက်ရတော့မည်။သို့သော်မိုးရွာပြီးခါစဖြစ်၍တောင်တက်ရန်အတွက်လမ်းမှာသိပ်၍အဆင်မပြေလှချေ။ထို့ကြောင့်ဟန်ဇင်အမေ့၏ငယ်သူငယ်ချင်းရွာဖြစ်သောကျီးအုပ်၌ခရီးတစ်ထောက်နားကြကာအန်တီကြီးများနှင့်စကားများဖောင်ဖွဲ့နေကြလေသည်။

သူမမြင်ရသည်မှာကြာပြီဖြစ်၍ထန်းရွက်များနှင့်မိုးထားသည့်ပျဉ်ထောင်အိမ်လေးများ...ရေနံဂျီးများသုတ်ထားသည့်ကပ်အိမ်လေးများမှာချစ်စရာအတိပင်။အညာဒေသဖြစ်၍အိမ်တိုင်းရှိလူကြီးများမှာအိမ်သို့လာသည့်ဧည့်သည်များကိုလက်ဖက်သုပ်၊ထန်းလျက်ခဲညိုညိုလေးများနှင့်ရေနွေးကြမ်းကိုဧည့်ခံတည်ကျွေးသည်မှာဓလေ့ပင်ဖြစ်၏။

"အမလေး....နွယ်နီ့သားလေးကအချောလေးပါအေ။မတွေ့တာကတော်တော်ကြာပြီနော်ကွဲ့"

"ဟုတ်တယ်အန်တီသန်းရဲ့။သားတို့နောက်ဆုံးတွေ့တုန်းကကိုဝေယံထက်နဲ့လားမသိဗောဓိသွားကြသေးတယ်ထင်တယ်။"

"ဟုတ်ပါ့ကွယ်...၊သားမှတ်မိနေသားပဲမင်းကိုကြီးကတော့ခဏနေရင်ဗောဓိသွားမလို့တဲ့လေမင်းတို့လည်းကားကြုံစီးသွားကြပါလားကွယ်အန်တီပြောလိုက်မယ်။"

"ဩ...ဟုတ်သားပဲကိုကြီးဝေယံကဆွမ်းခံလိုက်သွားတာလားဗျ?"

"ဟုတ်တယ်သားရေ..ငယ်ငယ်ထဲကဘုန်းကြီးကျောင်းသားဆိုတော့အခုထိအဲ့အကျင့်လေးကစွဲနေတုန်းအခြားဟာသာပြောရင်ဘာမှနားမထောင်တာ"

"ကောင်းပါတယ်ဗျာ...ကိုကြီးဝေယံနဲ့မတွေ့တာကြာတော့သူလည်းအခုဆိုတော်တော်တော့ရင့်ကျက်လာမှာပဲနော်"

"အဟင်း!..မင်းမို့ထင်တယ်သားရယ်
အန်တီမှတ်မိသေးတယ်သိလား..မင်းငယ်ငယ်လေးတုန်းကမင်းအမေဆီအန်တီတို့အလည်လာတာလေကွယ်...မင်းကိုမြင်ပြီးအရုပ်ထင်ပြီးဝယ်ခိုင်းတာပါဆို"

Destiny can't judge Our LoveWhere stories live. Discover now