7

533 94 12
                                    



မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတာမို့ ကောလိပ်ဝန်းသည် ကျောင်းသားထုရဲ့ ခြေရာပေါင်းစုံ ဟိုဟိုဒီဒီအငြိမ်မနေ ပြန့်ပြဲလွန်းစွာ တံဆိပ်နှိပ်ခံရာ ပရဝုဏ်ဖြစ်လာ၏။





နွေဦးလွန်ကာ ​ခပ်ရှိန်းရှိန်း ပူပြင်းလာသည့် ရာသီစက်ဝန်းအား ကိုယ်စီမျက်ကွယ်ပြု၍ သတ္ထုဓာတ်ဖြည့် အချိုရည်ဘူးတွေပိုက်ကာ ထမင်းစားဆောင်ထဲ ဟေးလားဝါးလား ရှုပ်ရှပ်ခတ်နေတဲ့ ကျောင်းသားအုပ်ရဲ့ဆူညံသံက အင်မတိအင်မတန် နားရှုပ်ဖွယ်ရာ ညံစီလွန်းသည်။





ထိုလူထူသံတွေကို ကျော်လွန်ကာ ဂျယ်ယွန်းရှုမျှော်မိသည်က ပခုံးစပ်ချင်းထိလုမတတ် ဒွန်တွဲလျှောက်လာကြတဲ့ ဂျုံဆောင်းနဲ့ဆောင်းဟွန်းရဲ့ပုံရိပ်တွင် မျက်ဝန်းတွေလားရာသတ်သည်ရဲ့။





"ပြောစမ်းပါဦး"

"ငါ ကျောင်းတစ်ရက်လေးမတက်တာ မင်းတို့က ဘာလို့ဒီလိုတောင်သူငယ်ချင်းဖြစ်သွားရတာလဲ။အရင်တုန်းက မျက်နှာမြင်ရုံနဲ့ တကျက်ကျက်ရန်ဖြစ်တာ မင်းတို့မဟုတ်ခဲ့တဲ့အတိုင်းပဲ"





ကျော၌ ဆလွယ်သိုင်းဆဲဖြစ်သော ဂီတာအိတ်ကို ဖြေးညှင်းစွာချကာ ဂျုံဆောင်းက ဂျယ်ယွန်းထိုင်ရာအနားသို့ ကနဦးချဥ်းကပ်၏။

ထို့နောက် ဂျယ်ယွန်းသောက်လက်စ ခပ်အေးအေး လီမွန်တီးခွက်ကို လုယူကာ တကျိုက်မော့သည်။





"သူငယ်ချင်းမဖြစ်သေးပါဘူး"

"သည်လိုပဲ..."
"ငါတို့က စကားများရတာပျင်းလာလို့ တစ်ရက်တာ အေးအေးလူလူရင်းနှီးကြည့်တာ"

"ဟုတ်တယ်မို့လား ဆောင်းဟွန်း"

ရိသဲ့သဲ့မေးလိုက်တဲ့ ဂျုံဆောင်းရဲ့ အမေးအပေါ် ဆောင်းဟွန်းက ခေါင်းတစ်ချက်ညိမ့်ရုံကလွဲပြီး ထွေထူးတလည်မတုံ့ပြန်ပါ။






နားရှိလို့သာ ကြားရ၏။

သည်လိုမဟာရေခဲတုံးနှင့် သူလိုလူ ဘယ်လိုများ တညနေလုံး ကျွမ်းဝင်ရင်းနှီးခဲ့ကြမှန်း ဂျယ်ယွန်းမည်သို့မျှပုံမဖော်တတ်။





EENIE MEENIEWhere stories live. Discover now