14

546 110 41
                                    

တိမ်ညိုမဲ့သော နေဝင်ဆည်းဆာသည် ကုန်းပြင်မြင့်တနေရာ၌ တိမ်းစောင်း၍ တရစ်ရစ်အိပ်တန်းဝင်စပြုလာ၏။




ညနေစောင်းသည်နှင့်တမျှ တရိပ်ရိပ်သဲ့ဖြာလာသော နေညိုအလင်းတန်းတို့က ဤလောကီမဟီမြေ၏ အကျည်းတန်အခိုက်အတန့်တွေထံပင် အလှပဆုံးသက်ရောက်လေသည်တိုင်၊ ဆိုင်ဝန်းကိုယ်စီမှ ဝန်ထမ်းတချို့အဖို့မူ မျှော်ဖူးရန်ပင်လျှင် အခွင့်မသာပေ။


ကိုယ်ခန္ဓာထက် ပွယောင်းလျက်ရှိသော အေပရွန်ကို ဂျယ်ယွန်းပြန်လည်ညှိယူဖို့ ကြိုးပမ်းရာကနေ နာရီထံငေးမော့တော့ ခြောက်နာရီပင်တိုင်လုပြီ။


ဤလို သဘာဝအရပ်ရပ်ရဲ့မြင်ကွင်းအား ခဝါချကာ ဆန့်ကျင်လားရာသို့ နှင်ခွာနေတဲ့ ဆိုင်ကယ်တစ်စီး၏ လီဗာသံသည်မူ ညစျေးတန်းတနေရာသို့ရောက်သော် အရှိန်စဲကာ ညံစီသံမဲ့သည်ရဲ့။



"မင်းလည်းလေ..."

"အရိပ်ကိုမနည်းလိုက်ဖမ်းယူရတယ်ရှင်းမ်ဂျယ်ယွန်းရဲ့"



ဆိုင်ကယ်ပေါ်ကနေ ဆင်းဆင်းချင်းတင် ညည်းတွားသံ တရစပ်လျှံပယ်လာတာနှင့်တပြိုင်နက် သည်တလောပြေးမတွေ့ဖြစ်သော ဂျုံဆောင်းရဲ့ ကြိမ်းမောင်းသံက ဂျယ်ယွန်းကို တောက်လျှောက်လိုဆီးကြိုနေတော့တာ။



သူငယ်ချင်းဆူတော့လည်းဆူချင်စရာများရယ်ပါ။ကိုကိုလေးနဲ့ လတ်တလောမပတ်သက်ချင်တာမို့ ကျောင်းပျက်ကွက်ခြင်းနည်းလမ်းနဲ့ ဂျယ်ယွန်းရှောင်ပုန်းနေမိတာ တစ်ပတ်တာနီးပါးရှိတော့မည်ရဲ့လေ။




ကျောင်းပြေးရတာကို ဘယ်တုန်းကမှမနှစ်မြို့ခဲ့တဲ့သူ့နေ့ရက်တွေအကြောင်း ဤကာလီနှင့် နှိုင်းဆလိုက်လျှင်တော့ ရီစရာသမိုင်းသာဖြစ်ရလိမ့်မယ်။



အချိန်အတိုင်းအတာတခုလွန်ရင်တော့ ကိုကိုလေးရဲ့ သမုဒ္ဒရာကနေ ရုန်းကန်လွင့်လူးနိုင်မယ့် ဂျယ်လီငါးတစ်ကောင်ဖြစ်လာဖို့ ဂျယ်ယွန်းမျှော်လင့်ပါတယ်။





"သခင်လေးဆောင်းဟွန်းရောပါလာတယ်?"

"ဂျုံဆောင်းက မင်းဆီသွားဦးမယ်ဆိုလို့ ငါလည်းလိုက်လာခဲ့တာ။စိတ်မပူပါနဲ့။မင်းဒီမှာရှိနေတယ်ဆိုတာ ကိုကို့ကို ငါပြန်မပြောပြပါဘူး"



EENIE MEENIEWhere stories live. Discover now