မွန်းတည့်ချိန်ခါဖြစ်သည်ပေငြား၊ကောလိပ်ပရဝုဏ်ရဲ့နေရာတိုင်းလိုတွင် ဖြန့်ကျက်ထားသော သက်တမ်းရင့်သစ်ပင်စိုင်တို့၏ အရိပ်အာဝါသကြောင့် နေ့အရှိန်သည် အလွန်အမင်းမဟပ်လှ။
အချိန်ပိုင်းအလုပ်ဆီမသွားချင်မိသည်အထိ ကောလိပ်ဝန်းထဲက ခုံတန်းလျားရှည်တစ်ခုပေါ် ဂျယ်ယွန်းတစ်ယောက် ပစ်ကာလှဲလို့ တရေးတမော အိပ်မောကျလုရလောက်အောင် အေးမြသောဝန်းကျင်အနေအထားကို ဖန်တီးနေသည်ပင်မည်၏။
ထို့သို့ ရာသီဥတုက ဂျယ်ယွန်းဘက်ပါသည်တိုင်၊သူ့သူငယ်ချင်းနှစ်ယောက်ဆီက ဆူညံငြင်းခုံသံတွေကတော့ ယိုယွင်းချက်တစ်ခုအဖြစ် သူ့ဘက်မပါခဲ့ဟန်ပါလေ။
"မဟုတ်ဘူး"
"ဂျယ်ယွန်းက ဘယ်ရီtasteကို ပိုကြိုက်တာ""ကိုယ်တို့အိမ်တော်မှာဆို သူက ပဲအနှစ်တွေအများကြီးပါတဲ့ရေခဲချောင်းဆို တမ်းတမ်းစွဲပဲ။မယုံရင် ကိုကို့ကိုသွားမေးကြည့်။ကိုကိုက ဂျယ်ယွန်းရဲ့ချစ်သူမို့ ပိုတောင်သိသေး"
"အီဆောင်းဟွန်းနဲ့ပတ်ဂျုံဆောင်း!"
"မင်းတို့နှစ်ယောက် တိတ်တိတ်လေးနေပေးကြလို့မရဘူးလား"တကယ်တည်း...ရေခဲချောင်းနှစ်ထုပ်ကိုင်ပြီး အပြိုင်အဆိုင်ငြင်းခုံနေလိုက်ကြတာသတဲ့။မူလတန်းကျောင်းက ကလေးအုပ်စုတစ်သိုက်မုန့်အဝေမတည့်လို့ညံစီနေတဲ့အော်သံတွေကြလို့။
မျိုးရိုးဗီဇကပင် လက်ဆင့်ကမ်းခဲ့လေသလား။
ဘယ်လိုပင် အနေတည်သူလို့ တလျှောက်လုံးသိထားခဲ့သည်ဆိုဆို သခင်လေးဟာလည်း ကိုကိုလေးနည်းတူ ချစ်ရသူအနားရောက်ရင် တမျိုးမဟုတ်တမျိုး အရစ်သိုင်းဖွဲ့လွန်းနေတော့တာပါပဲ။
"ဂျယ်ယွန်း...မင်း ငါကျွေးတာစားမှာလား"
"ဆောင်းဟွန်းကျွေးတာစားမှာလား""နှစ်ခုလုံးမစားချင်ဘူးဟေ့ရောင်တွေရေ!"
"လူက အိပ်ရေးမဝလို့ ဒီမှာတကူးတကလာခိုးအိပ်ရတဲ့ကြားထဲ"
"အိပ်ရေးမဝရအောင် မင်းကိုသူတို့ကအလုပ်တွေဘယ်လောက်တောင်နှိပ်စက်ကြတာလဲ။အီဆောင်းဟွန်း...မင်းတို့အိမ်တော်က ကျောင်းသားအရွယ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ကို အဲ့လောက်ပဲခိုင်းစားရလား"