16

501 103 36
                                    

"စိတ်ညစ်လိုက်တာကွာ"

"မျက်နှာဘယ်လိုပြရမလဲတောင်မသိတော့ဘူး"





သုံးဂဏန်း၌ လက်တံတိုလားရာညွှန်နေတဲ့ လက်ပတ်နာရီထံ ငုံကြည့်ရာကနေ ရှက်သွေးတချို့ အပူတပြင်းခေါက်တွန့်ချိုးထားသူ ဂျုံဆောင်းရဲ့ မျက်နှာစိုင်မှာ နီလွလွ။


ပွဲမဖြစ်မြောက်ခဲ့သော ပြဇာတ်လွန်ကာမှ ကောင်းကင်ကဗ္ဗလာထံပင်မချန် ဗြစ်တောက်ဗြစ်တောက်နှင့် ဂျုံဆောင်းဆီက ညည်းတွားသံကြားရတာဟာ ဒီနံနက်တည်းကပင်ဖြစ်သည်။




ဒီကြားထဲ အိမ်တော်မှထွက်လာတည်းက ကိုကိုလေးနှင့် စကားများလာခဲ့ရသည်မို့ ဂျယ်ယွန်းကိုယ်တိုင်လည်း သိပ်ပြီးစိတ်ကြည်မနေပါ။

ကတိအထပ်ထပ်ပေးထားပါလျက်နှင့် မနေ့ညက အရက်သောက်ပြီးအိမ်ပြန်လာခဲ့သော ချစ်ရသူကို ပညာနည်းနည်းတော့ပြချင်တာမို့ ဒီနေ့ကျောင်းကအပြန် Blind Date ဝင်တွေ့မည်ဖြစ်ကြောင်း ဆောင်းဟွန်းကတဆင့် စကားကြုံသိစေခဲ့သည်။




"ဒီအဖြစ်အပျက်က မင်းအမှားကြောင့်မှမဟုတ်တာ။လုပ်သမျှအရာတိုင်း ကိုယ်မျှော်မှန်းသလိုသာ အဆင်ပြေရကြေးဆိုရင်တော့ လောကကြီးမှာနေရတာ နည်းနည်းငြီးငွေ့ဖို့ကောင်းနေမှာပဲ"





"မဟုတ်ဘူး"

"ငါစိတ်ညစ်နေတာအဲ့ဒါကြောင့်မဟုတ်ဘဲ အီဆောင်းဟွန်း...."

"?!"





"​ဟာကွာ မင်းမသိပါဘူးဂျယ်ယွန်းရာ့"

"ငါမသိတာလား"
"သိလို့မဖြစ်တဲ့ဟာလား"





Glutathione နှင့် Collagen သိပ်သည်းစွာပါဝင်သော ခပ်ချဥ်ချဥ်စပျစ်ရည်တစ်ဘူးကို ဂျယ်ယွန်းကမ်းလိုက်တော့ သူတို့မြင်ကွင်းထဲ လှမ်းဝင်လာတဲ့ သခင်လေးနှစ်ယောက်ကြောင့် ဂျုံဆောင်းဖြစ်ပျက်သမျှ ပုံရိပ်မှာ ယခုပင်နေရာကတင်ထွက်ပြေးတော့မည့်ဟန်ပါလေ။







အီဆောင်းဟွန်းအကြောင်းပြောမိရင်ကို ဒွန့်ဒွန့်လူးခတ်သွားတဲ့ နားစည်ဖျားတွေဟာ ပုံမှန်ရိုးကျမြင်နေကြ ပတ်ဂျုံဆောင်းမဟုတ်တော့။





EENIE MEENIEWhere stories live. Discover now