"မင်းတို့ ဒီလက်တောက်လောက်လေးတောင် မတားနိုင်ကြဘူး လား!!"
Boss Jeon ၏ အမျက်မာန်အောက် သူ့လက်အောက်ငယ်သား တွေ တုပ်တုပ်မှ မလှုပ်ရဲကြချေ။ Boss Jeon ကတော့ အမျက် တထောင်းထောင်းထွက်နေပြီး တရှူးရှူးတရှဲရှဲ။
"Ajax!! မင်းကို ပတ်ဂျီမင်း စောင့်ကြည့်ခိုင်းထားတာ ဘာလုပ်နေလဲ!"
"တောင်းပန်ပါတယ် Boss Jeon"
"လက်သန်းလောက်ဟာလေးတောင် မင်းအဖြစ်ရှိအောင် မတားနိုင် ဘူးလား"
"သခင်လေးက တားသမျှလူတိုင်းကို ပစ်သတ်မယ်ပြောလို့ပါ.."
"မင်းက ကြောက်နေတာလား"
"ဟုတ်...ကျွန်တော် ဇွတ်လုပ်လိုက်လို့ သခင်လေး တစ်ခုခုဖြစ်သွား ရင် ကျွန်တော်ပဲ အလုပ်ခံရမှာမလို့ပါ"
"သူ့ဆီက သေနတ်လေးတောင် မလုနိုင်ကြဘူးလား မင်းတို့!!"
အိမ်တော်ထဲတွင် Boss Jeon ရဲ့ တစ်ချက်တစ်ချက် အော်သံ ကြီးဟာ ဟိန်းထွက်သွား၏။ သူတို့ရဲ့ သခင်လေးကို မတားလိုက်နိုင် တဲ့ bodyguard တွေကလည်း အသက်ရှူတောင်မဖြောင့်။
"သ..သခင်လေးက သူ့...သူ့ကိုယ်သူ သေနတ်နဲ့ချိန်ပြီး ရှေ့တိုးလာ တာနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်မယ်လို့ ပြောလို့ပါ။ နောက်တစ်ခါ သခင်လေး အဲ့လိုလုပ်ရင် အထိခိုက်ခံပြီး ဖမ်းထားပါ့မယ်"
"မင်းမေလင်ကိုပဲ အထိခိုက်ခံ! သူသာ ထိခိုက်လို့ကတော့ မင်းတို့ အခုချိန် ဆေးရုံကုတင်ပေါ်ရောက်နေပြီသာမှတ်!!"
Bodyguard လေး၏ မျက်နှာမဲ့ကျသွားသည်။ လက်တောက် လောက်လေးကို မတားနိုင်လို့တဲ့လေ။ သူ့လက်တောက်လောက်လေး က သေနတ်ကိုင်ပြီး အကုန်ရမ်းသမ်းပစ်ပြီး ကိုယ့်ကိုယ်ကို သတ် သေမယ်ဆိုပြီး ခြိမ်းခြောက်သွားတာကိုး။
သူခိုးတို့၊ ဖမ်းလာတဲ့ ဓားစာခံတို့ဆိုရင်တော့ မေ့ဆေးသေနတ်နဲ့တင် ဖမ်းလိုက်လို့ရသေးတယ်။ သေနတ်နဲ့ ထွက်ပြေးရင်လည်း ကိုယ့် ဘက်က ပြန်ပစ်ပြီး ဖမ်းလို့ရတယ်။
ခုကြ သခင်လေးလေ...အထိအခိုက်မရှိအောင်လည်း ဖမ်းရသေး တယ်။ သေနတ်နဲ့ ပစ်ဖို့မပြောနဲ့ ချိန်ရင်တောင် ခေါင်းဖြတ်ခံရမှာ။ အထိအခိုက်ဆိုတာလည်း လက်ချောင်းလေးနဲ့တောင် မထိရဲတဲ့အထိ ပါ။ တားရာကနေ မှည့်တစ်ပေါက်စွန်းသွားရင်လည်း အဟောက်ခံရ အုံးမယ်။ မတားနိုင်ရင်လည်း အဟောက်ခံရတယ်။
YOU ARE READING
THE ILLEGAL BABY
FanfictionThe Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ