"ကိုယ့်ကို လက်ခံပေးမလား ဂျီမင်..."
သည်စကား တစ်ခွန်းသည် ဂျီမင့်အား ယောက်ယက်ခတ်သွား စေသည်။ ဂျီမင် တစ်ကိုယ်လုံး ပူထူလာပြီး အသက်ရှူသံတွေမြန် လာသည်။ Heatကြောင့် မဟုတ်သော ပူထူခြင်းသည် ဂျီမင့်အား တုန်လှုပ်စေသည်။ ဂျီမင် ဘယ်လို ပြန်ဖြေရမှန်းမသိသလို ဘယ်လို ဆုံးဖြတ်ရမှန်း မသိသဖြင့် ငြိမ်သက် နေမိသည်။
ဒါကို အခွင့်ကောင်းယူကာ Taehyung က ဂျီမင့်နားတိုးကပ် လာပြီး နားထင်ကိုဖိနမ်း၏။ ထိုအခါ ဂျီမင် အလန့်တကြား တွန်း ထုတ်လိုက်မိသည်။ ထိုတုန့်ပြန်မှု့သည် ဂျီမင်ကိုယ်တိုင်တောင် သတိ မထားဘဲ တုန့်ပြန်လိုက်မိတာဖြစ်တယ်။
ဂျီမင်ခန္ဓာက Taehyung ကို လက်မခံဘူး။ ဘာကြောင့် လည်း မသိပေမယ့် Taehyung အနမ်းတစ်ချက်နဲ့တင် ဂျီမ င့်ခန္ဓာက ဆန့်ကျင်မှု့တွေဖြစ်လာတာ။ ဂျီမင့် မသိစိတ်ကလည်း Taehyung နဲ့ဆို သက်တောင့်သက်သာ ဖြစ်မနေဘူး။
ချက်ချင်းပင် ဂျီမင့် အသက်ရှူသံတွေ မြန်ဆန်လာ၏။ ကြောင် အ,စွာကြည့်နေတဲ့ Taehyung ကို တွန်းထုတ်၍ ဂျီမင် အိမ်ပေါ် ပြေးတက်ပြီး အခန်းထဲဝင်ကာ တံခါးကို လော့ချလိုက်မိသည်။
ချက်ချင်းပင် ဂျီမင့် အသက်ရှူသံတွေ မြန်ဆန်လာ၏။ ကြောင် အ,စွာကြည့်နေတဲ့ Taehyung ကို တွန်းထုတ်၍ ဂျီမင် အိမ်ပေါ် ပြေးတက်ပြီး အခန်းထဲဝင်ကာ တံခါးကို လော့ချလိုက်မိသည်။
သို့နောက် ဂျီမင့်တစ်ကိုယ်လုံး တုန်ယင်လာပြီး အိပ်ရာပေါ် လူးလွန့်နေမိတော့သည်။ Taehyung ဟာ ဂျီမင်လိုချင်တဲ့ အချက်အလက်တွေနဲ့ အားလုံးပြည့်စုံလို့ သဘောကျတယ်။ ဂျီမင် ကိုယ်တိုင်လည်း သဘောကျတယ်လို့ သတ်မှတ်ထားတယ်။
ဒါပေမယ့် ခန္ဓာနဲ့ရင်းပြီး ရွေးချယ်ရမယ့်အခါမှာတော့ တကယ့်သူ့ စိတ်ထဲရှိနေတဲ့လူကိုသာ လက်ခံနိုင်တယ်လေ။ တကယ်မချစ်တဲ့လူ ကို မိမိခန္ဓာ ဘယ်ပေးချင်ပါ့မလဲ။ ဂျီမင် သူ့ကိုယ်သူဘယ်လောက်ပဲ လိမ်ပါစေ ခန္ဓာနဲ့ရင်းရတဲ့အခါ မလိမ်နိုင်တော့ပါ။
တစ်ဖက်တွင်လည်း....
"Boss Jeon ရှာတွေ့ပြီ"
ဦးသည် ကြည့်လက်စ CCTV မှတ်တမ်း ကို ရပ်ကာ Netပြသည် CCTV မှတ်တမ်းကို အမြန်ကြည့်လိုက်သည်။ CCTV မှတ်တမ်း ထဲတွင် ဂျီမင်သည် ကားတစ်စီးထဲ ပြေးဝင်ပြီးနောက် ထိုကားက မောင်းထွက်သွားသည်ကို တွေ့ရှိရသည်။
YOU ARE READING
THE ILLEGAL BABY
FanfictionThe Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ