Extra 1

7.5K 379 26
                                    

"အဲ့ဒါ....အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

"ဂျီမင်မသိဘူးလား"

ဂျီမင် အမေ့ဘက် ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ အမေသည် ဂျီမင့်ကို မျက်လုံးချင်းဆုံအောင်တောင် မကြည့်နိုင်ဘဲ ရှောင်သွား သည်။

"အခု...အခု ကျွန်တော်မြင်နေရတဲ့ မျက်လုံး တစ်ဖက်က Jeon jungkook ရဲ့ မျက်ကြည်လွှာကြောင့်လို့ ဆိုလိုတာလား"

Taehyung လည်း ဂျီမင့်အမေ၏ အပျက်ပျက်သော မျက်နှာကို မြင်မှ အားလုံး နားလည်သွားသည်။

"အဲ့ဒါတော့ ကိုယ်သေချာမပြောနိုင်ပေမယ့် Jeon jungkook မျက်လုံးတစ်ဖက်အုပ်ထားတာတော့ တွေ့လိုက်တယ်.."

"အမေ....အဲ့ဒါ တကယ်လား!"

ဂျီမင့်အမေသည် သက်ပြင်းချလိုက်သည်။

"ဟုတ်တယ် သား... သူကိုယ်တိုင် လိုလိုလားလား ပေးခဲ့ပြီး သူ ကိုယ်တိုင်ပဲ ဖုံးကွယ်ထားဖို့ ပြောခဲ့တာ"

ရင်ထဲရှိ အနက်ရှုံးဆုံးသော နေရာမှ စူးအောင့်တက်လာသောကြောင့် ဂျီမင် ရင်ဘတ်ကိုပင် လက်ဖြင့်ဖိလိုက်မိသည်။ အသက်ရှူမဝတော့ သလိုလို မွန်းကြပ်နေသလိုလို...။ စိတ်ထဲ တစ်မျိုးတစ်မည်ရသော ခံစားချက်ကြီးကလည်း ကိန်းအောင်းလာသည်။

လက်လွှတ်ဖို့ ပြင်ထားခဲ့တာလေ...ဒီလိုမျိုးလုပ်သွားတော့ ဂျီမင် က ဘယ်စိတ်နဲ့ လက်လွှတ်ရတော့မှာလဲ။ အစတည်းက ဂျီမင့်စိတ် က မပြတ်သားနေရကြားထဲ သူက ဒီလိုပေးဆပ်သွားတော့ ဂျီမင့်က ဘယ်လိုနှလုံးသားမျိုးနဲ့ သူ့ကို မေ့လို့ရတော့မှာလဲ!

ဦး ကလေ သိပ်အတ္တကြီးတာ...အခုလည်း သူလုပ်ချင်ရာလုပ်သွား တယ်။ ဂျီမင့်ဘက်ကို ထည့်မတွေးဘူး။ မြင်နေရတဲ့ မြင်ကွင်းတိုင်း က သူ့မျက်ကြည်လွှာကြောင့်ပါလားဆိုတဲ့ အတွေးနဲ့ ဂျီမင် ဘယ်မေ့ နိုင်ပါ့တော့မလဲ။ ဦးက တကယ်တော်ပါတယ်။ ဂျီမင့်ကို အမြဲတမ်း ချုပ်နှောင်နိုင်တယ်။

ဦး အတ္တကလေ သိပ်လည်တယ်။ ဦးရဲ့ အတ္တလေးတစ်ခုကလေ ဂျီ မင့်ကို အမျိုးမျိုး ခြယ်လှယ်နိုင်တယ်။ အခုလည်း အတူတူပါပဲ။ သူ ထွက်သွားတာတောင် သူ့ကိုမေ့မရအောင် လုပ်သွားတာ။

You've reached the end of published parts.

⏰ Last updated: May 22 ⏰

Add this story to your Library to get notified about new parts!

THE ILLEGAL BABYWhere stories live. Discover now