ဂျီမင် မျှော်လင့်ထားတဲ့အတိုင်းပဲ ဦးက ပြန်နိုးထလာခဲ့တယ်။ ပြန်နိုး လာပြီမလို့ ဂျီမင် တစ်ဝက်လောက် စိတ်ချလိုက်နိုင်ပါသည်။ ကျန် တဲ့တစ်ဝက်ကတော့ ဦး လမ်းပြန်လျှောက်နိုင်မှသာ...။
အခုလောလောဆယ်တော့ ဝှီးချဲနဲ့ သွားလာနေရပြီး ဦးက ဂျီမင့်ကို မမုန်းခဲ့ပါဘူး။ အခုကစပြီး ဂျီမင်တို့ မိသားစုလေး စုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင် အတူရှိသွားကြမှာပါ။ ဖြစ်ပြီးတဲ့ကိစ္စတွေကိုလည်း ထားခဲ့ပြီး ဂျီမင်ဘက်က အတတ်လျော့ဖို့သာ ဆုံးဖြတ်ထားသည်။ တစ်ခုခုဖြစ်လာရင်လည်း အတူတူ ညှိနှိုင်း လျော့သင့်လျော့ရမှာ ပေါ့။
" ဟစ်ခစ်ခစ်...ဟီးခစ်ခစ် ခစ်...အာ့ဝါး အာ့ ဝါ့ ဝါး"
ဝှီးချဲပေါ်က ဦးသည် ပေါင်ပေါ်တွင် သူ့သားကို တင်ပြီး အမျိုးမျိုး စ နောက်နေ လေသည်။ သူ့သားရဲ့ လက်လေးတွေကို ပါးစပ်ထဲ ငုံပစ် ပြီး အသဲတယားယား ဖြစ်နေသေးတာ။ မမွေးခင်ကတော့ မချစ်တဲ့ ပုံနဲ့ ဖျက်ချခိုင်းပြီးတော့ မွေးလည်း မွေးပြီးရော လက်ကနေတောင်မ ချဘူး။ ယုယလိုက်တာလည်း ဂျီမင့်ထက်တောင် ပိုသေးတယ်။
"ဒယ်ဒယ်...ဒယ်ဒယ်"
"အမိန့်ရှိပါ...ဒယ်ဒီ့အသဲလေးက ဘာပြောချင်လို့လဲ"
"အူဝါး အူဝါး ဝါးး ဝါ့"
"ဟုတ်လားကွ..."
"ခစ်ခစ်"
"ရယ်ရတယ်ပေါ့..."
"ဟီးခစ်ခစ် ခစ်"
ဂျီမင်ကတော့ သူတို့သားအဖနှစ်ယောက် ကြည့်နူးနေတာကို ဘေး က ထိုင်ကြည့်နေရသည်။ အိမ်ထောင်တစ်ခုမှာ သားသမီးရလာရင် ဒီလိုပဲလား...။ မွေးပေးတဲ့သူက အမေ့ခံရတာမျိုးလေ။ အရင်ကဆို ဂျီမင့်ကို သိပ်သဝန်တိုဦးက အခုများတော့ သူ့သားပဲ အရိပ်တကြည့် ကြည့်။ ဂျီမင့်ကို မေ့များ မေ့နေလားတောင် ထင်ရတယ်။
"Jeon jungkook..."
ခပ်ဆတ်ဆတ်လေသံနဲ့ ပြန်ဖြေခံလိုက်ရတာကြောင့် ဂျီမင် ဟွန်းခနဲ နှာမှုတ်လိုက်သည်။
"ခင်ဗျားနော် ကလေးရသွားတာနဲ့ ကျွန်တော့်ကို ပစ်ထားတော့တာ ن"
YOU ARE READING
THE ILLEGAL BABY
FanfictionThe Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ