"အခုလောလောဆယ်တော့ မျက်လုံး နှစ်ဖက်လုံးကို ပတ်တီးစည်း ထားဖို့လိုပါတယ်။ တစ်ဖက်ပဲ ထိခိုက်ပေမယ့် ကျန်တဲ့တစ်ဖက် က မျက်ခွံအနည်းငယ်ထိသွားတယ်။ ညာဘက် မျက်လုံးကတော့ မျက်ကြည်လွှာ ထိခိုက်သွားတယ်။ ဒါ့ကြောင့် မျက်ကြည်လွှာ အမာရွတ်ဖြစ်နိုင်တဲ့အနေအထားပါ။ အကောင်းဆုံးကတော့ မျက်ကြည်လွှာ အလှူရှင်ရှာကြည့်တာပေါ့နော်"
ဂျီမင် မျက်နှာမှာ အပြုံးတို့ကင်းမဲ့လျက် ညှိုးနွမ်းနေသည်။
"ဒေါက်တာ၊ ကျွန်တော့်ညာဖက်မျက်လုံးက မမြင်နိုင်တော့ဘူးလို့ ဆိုလိုတာ မလား"
"လူနာအနေနဲ့ စိတ်ဓာတ်မကျပါနဲ့... မျက်ကြည်လွှာ အလှူရှင်သာ ရ ရင် ပြန်မြင်နိုင်ပါတယ်"
"ဟုတ်ကဲ့"
ဒေါက်တာက စိတ်ဓာတ်မကျနဲ့ဟု ပြောသော်လည်း ဂျီမင်စိတ်ဓာတ် မကျဘဲ ဘယ်နေနိုင်ပါ့မလဲ။ မျက်ကြည်လွှာ အလှူရှင်ဟာ ဘယ်လောက်ရှားလိုက်သလဲ။ လူတစ်ယောက်အတွက် မျက်လုံး ဟာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု။ ကျောက်ကပ်တို့ရိုးတွင်းခြင်ဆီတို့ဆိုတာ တစ်ခုမှမရှိလဲ ဆက်ပြီး ပုံမှန်လိုနေထိုင်နိုင် တာမလို့ အလှူရှင်တွေ ရှိကြပေမယ့် မျက်ကြည်လွှာက မတူဘူး။
မျက်လုံးဆိုတာ တစ်ဖက်မမြင်ရတော့ရင် မြင်နေရတဲ့ မြင်ကွင်းဟာ လျော့ပါးသွားတာမျိုး။ အများအမြင်မှာလည်း သိသာသွားစေတဲ့ အရာမျိုး။ ထို့ကြောင့် လှူကြတဲ့လူဟာ ခပ်ရှားရှားပါ။ ဂျီမင့်အတွက် တော့ မျက်လုံးတစ်ဖက် ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပါပဲ။ အလှူရှင် လဲ မမျှော်လင့်မိပါဘူး။
"အမေ..."
ဂျီမင် ဟိုစမ်းဒီစမ်းဖြင့် အမေရှိရာကို ရှာဖွေမိသည်။ လက်ကို လာ ကိုင်သည့် ခပ်နွေးနွေး အထိအတွေ့ကြောင့် အမေရှိမှန်း ဂျီမင် သိ လိုက်ရသည်။
"သား...ရယ်"
အမေ့၏ ယူကြုံးမရ စကားအဆုံး ဂျီမင် ရှိုက်ငိုသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ ကိုယ့်သားတစ်ယောက်လုံး အမြင်တစ်ဖက် ဆုံးရှုံးသွားရတာ မိခင်တစ်ယောက်အတွက် မည်မျှလောက်နာကျင်မ လဲ ဂျီမင် ကိုယ်ချင်းစာမိပါသည်။
YOU ARE READING
THE ILLEGAL BABY
FanfictionThe Illegal Baby ပထမတင်ထားတဲ့ဟာလေး removed လုပ်ခံရလို့ ပြန်တင်ပေးတာပါ