Day-1

385 24 10
                                    

နီခီတစ်ယောက် ခရက်ရှ်လေးနဲ့ချိန်းထားတာရှိလို့ ရေချိုးခန်းထဲမှာ ရုပ်ထွက်လာအောင်နည်းမျိုးစုံနဲ့ကြိုးပမ်းနေတော့တယ်။

ထိုအခါမှာ-

"နီခီ မပြီးသေးဘူးလား.."

"ခဏလေးဟျောင်း.."

"ချီးကို ခဏလေး မင်းဝင်သွားတာ ၂နာရီလောက်ရှိပြီဟ.."

"ဂျိတ်ခ်ဟျောင်းကလဲ.."

"မြန်မြန်ဟ ငါအရေးပေါ်အခြေနေရောက်နေပြီ.."

"........"

"ငါမအောင့်ထားနိုင်တော့ဘူး..ဆရာလေးရာ လုပ်စမ်းပါ"

"ထွက်လာပြီ ထွက်လာပြီ"

နီခီဟာ ရေချိုးခန်းထဲကနေ ဇိမ်ပြေလက်ပြေထွက်လာတော့တယ်။

ဂျိတ်ခ်တစ်ယောက် နီခီကိုတွန်းထုတ်ကာ သူ့ပြဿနာဖြေရှင်းဖို့အမြန်ပြေးဝင်သွားတော့တယ်။

ထိုအခါမှာ ကျယ်လောင်တဲ့အသံတစ်သံကြားလိုက်ရတယ်။

"နီရှီမူရ ရီခီ..."

နီခီဟာအသာလေးထွက်ပြေးဖို့လုပ်နေတဲ့အချိန် အသံကိုထပ်ကြားလိုက်ရတယ်။

"ငါ့ hair product တွေအကုန်ကုန်ပြီ မင်းလုပ်တာ"

"နောက်မှတွေ့တာပေါ့ ဟျောင်း"

နီခီဟာ ထိုအခြေအနေကနေ အမြန်ဆုံးလှည့်ထွက်လာတော့တယ်။

-

-

-

-

-

-
နီခီတစ်ယောက် ခရက်ရှ်လေးဆီလာရာလမ်းတွင်..

သူ့ဟာသူတစ်ယောက်ထဲလျှောက်တွေးနေရင်း မျက်နှာဟာအလိုလိုပြုံးနေမိတယ်။

-

နီခီ့ရဲ့ ခရက်ရှ်လေးရဲ့ နာမည်ဟာ ကင်မ်ဆောနူဆိုတဲ့ကောင်လေးဘဲဖြစ်ပါတယ်။

-

Author-နေပါအုံး ဘယ်လိုလုပ်နှစ်ယောက်သား လျှောက်လည်ဖို့ချိန်းဖြစ်သွားတာလဲ

Ni-Ki-ဒီလို ငါပြောပြမယ်..

-
နီခီနဲ့သူ့ရဲ့ခရက်ရှ်လေးဟာ ကျောင်းတူအတန်းသူတဲ့သူတွေဘဲဖြစ်ပါတယ်။တစ်နေ့မှာ သူတို့အတန်းကသူတွေရေသွားကူးကြတဲ့အချိန်မှာ ဆောနူဟာ တီရှပ်အပါးလေးကိုဝတ်ပြီး ရေဆော့နေတဲ့ပုံရိပ်ဟာ နီခီ့ကိုဖမ်းစားသွားခဲ့တယ်။

Life is not a drama Where stories live. Discover now