ညနက်သန်းခေါင်အချိန်ကြီးမှာ-
သရဲမကြောက်ဘာမကြောက်နဲ့ ဇာတ်ကားထိုင်ကြည့်နေတဲ့နီခီ-
ဝူး..ဝူး...
ထိုအချိန်မှာ ထူးဆန်းတဲ့အသံတစ်သံကြားလိုက်ရတယ်။
ဝူး..ဝူး...
ကျောချမ်းလာတာကြောင့် ကြည့်လက်စဇာတ်ကားကိုရပ်လိုက်တော့တယ်။
တွေ့တဲ့ ဘေ့စ်ဘောတုတ်ကိုဆွဲကိုင်ကာ အိမ်အောက်ထပ်ကိုဆင်းလာခဲ့လိုက်တော့တယ်။
ထိုအခါမှာရေခဲသေတ္တာကြီးပွင့်နေတာကိုတွေ့လိုက်ရတယ်။
"တစ်ယောက်ယောက်များရှိနေသလား.."
နီခီ သတိအကြီးကြီးထားပြီးအနားကပ်သွားလိုက်တယ်တယ်။
အနားရောက်တာနဲ့တုတ်နဲ့ရိုက်ဖို့ပြင်လိုက်တဲ့အခါမှာ-
"အာ ဘယ်သူမှလဲမရှိဘူး.."
ခွပ်-(ဒယ်ပြားနဲ့ရိုက်သံ)
-
-
-
"ဂျိတ်ခ်ဟျောင်း...."
"နီခီ..မင်းဘာလုပ်နေတာလဲ.."
"ကျွန်တော်မေးရမှာလေ ဟျောင်းကကောဘာလို့ ကျွန်တော့ခေါင်းကိုလာရိုက်တာလဲ.."
"ငါအောက်ထပ်ကနေ အသံကြားလိုက်လို့.."
"ကျွန်တော်ရောဘဲအသံကြားလို့ရောက်လာတာ..အား ကျွတ် ကျွတ် နာလိုက်တာ.."
"ဆောရီး.."
ထိုအချိန်မှာ မီးဖိုချောင်မီးကိုတစ်ယောက်ယောက်ကဖွင့်လိုက်တော့တယ်။
နှစ်ယောက်သားလန့်ဖြတ်ပြီး နီခီဟာ ဘေ့စ်ဘောတုတ်ကြီးကိုထိုနေရာဆီလှမ်းပစ်လိုက်တော့တယ်။
ခွပ်-
-
-
-
"အမ် ဂျေးဟျောင်း.." "ဂျေး..""အား မင်းတို့ဟာ ဘာအငြှိုးအတေးတွေနဲ့များပစ်ပေါက်လိုက်တာလဲ.."
"ဘယ်တုန်းကပြန်ရောက်တာလဲ ဟျောင်း.."
"စောစောလေးကတင်ရောက်တာ ဗိုက်ဆာလို့ ရေခဲသေတ္တာဖွင့်ကြည့်တာ ဘာမှမရှိတာနဲ့မုန့်သွားဝယ်တာ ပြန်ရောက်တော့ မင်း တုတ်နဲ့ပေါက်တာခံရတာဘဲ..အား ကျွတ်..ကျွတ်.."
YOU ARE READING
Life is not a drama
Fanfictionဘဝက ဇာတ်ကားထဲကလိုဖြစ်မယ်လို့ထင်နေရင်သင်မှားသွားပါလိမ့်မယ်