"ရား!!!!!!နီရှီမူရ ရီခီ!!!!!!!"
မနက်ခင်းစောစောစီးစီးအိမ်တစ်အိမ်မှာ တစ်ယောက်သောသူကြောင့် ဆူညံနေခဲ့တယ်။
"ဟာ ဂျိတ်ခ်ဟျောင်းအင်္ကျီလေးတစ်ထည်ကိုတွန့်တိုနေသေးတယ်..."
"နင့်မေကြီးတော်ကို အင်္ကျီလေးတစ်ထည် မင်းငါဒီအင်္ကျီကို ၁သိန်းတောင်ပေးဝယ်လာရတာကွ...သိရဲ့လား.."
-
-
-
စဖြစ်ပုံကတော့ဒီလိုပါ။မနက်ခင်းစောစောစီးစီးတွင်-
"ဂျိတ်ခ်ဟျောင်းဘယ်သွားမလို့လဲ..."
"အော် အလုပ်ကိစ္စနဲ့ခရီးထွက်စရာလေးရှိလို့ကွ အင်္ကျီတွေထည့်နေတာ.."
နီခီတစ်ယောက်သူ့အကိုဘေးမှာရပ်နေရင်း..
"ဟော ဟျောင်းအင်္ကျီကကြေတွန့်နေတာဘဲ ကျွန်တော် မီးပူတိုက်ပေးမယ်.."
"အံမယ် ငါ့ညီတောင် တစ်ဖြည်းဖြည်းအားကိုးလို့ရလာပြီဘဲ.."
"ကျွန်တော်က အချိန်မရွေးအားကိုးလို့ရပါတယ်ဗျာ.."
နီခီဟာ ဂျိတ်ခ်ဟျောင်းရဲ့အင်္ကျီကိုယူကာ မီးပူတိုက်ပေးနေတော့တယ်။
ထိုအချိန်-
ကလင် ကလင်(ဖုန်းလာသံ)
"အော် ယန်မြောင်မြောင်ပြော.."
"ငါ့ကို ယန်မြောင်မြောင်လို့မခေါ်နဲ့ ဂျပေါင်ကန်ရဲ့.."
"တော်ပါ အခုမင်းဘာပြောမလို့လဲ.."
"ဂျေးဟျောင်းက Kristel နဲ့ ရိုက်ကူးရေးရှိတယ်ဆို.."
"အင်းဟုတ်တယ်လေ ဘာလို့လဲ.."
"ငါ့ကို အဲ့ကိုခေါ်ပါလား ငါဂျေးဟျောင်းကိုတွေ့ချင်လို့ ဟီးဟီး.."
"ငါသိတယ် ငါသိတယ် အခု ငါဂျေးဟျောင်းနဲ့ခဏနေအိမ်ကထွက်ခဲ့မှာ မင်းကိုဝင်ခေါ်မယ်လေ.."
"ဟား ကျေးဇူးပါကွာ နီခီ နောက်မှမင်းကို မုန့်တွေအများကြီးဝယ်ကျွေးမယ်.."
"အိုကေပါဗျာ စားရဖို့မျှော်လင့်နေပြီ.."
ယန်ဂျောင်ဝန်းနဲ့ လေပေါနေရင်း..
YOU ARE READING
Life is not a drama
Fanfictionဘဝက ဇာတ်ကားထဲကလိုဖြစ်မယ်လို့ထင်နေရင်သင်မှားသွားပါလိမ့်မယ်