ထုံးစံအတိုင်းဘဲသာယာတဲ့နေ့လေးတစ်နေ့ပေါ့နော်..
နီခီတစ်ယောက်လွယ်အိတ်ကိုလွယ်ကာ ကျောင်းကိုထွက်လာခဲ့တော့တယ်။
အရာအားလုံးဟာလောလောဆယ်တော့အဆင်ပြေနေဆဲပေါ့...
ပြဿနာတွေကတော့ဘယ်တော့စဖြစ်မလဲတော့မသိဘူး🤭🤭
Ni_Ki-ဟဲ့ဟဲ့ ပါးစပ်ပုတ်ကြီးနဲ့မပြောစမ်းနဲ့
Author-ဟဲဟဲဟဲ
-
-
-
-
ပြဿနာမဖြစ်ရင်မနေနိုင်တာကြောင့် ကျောင်းရောက်မှသောက်ပြဿနာကစတက်ပါတော့တယ်။"Oh fu*k လွယ်အိတ်မှားယူလာပြီဟ..."
Author-လွယ်အိတ်မှားယူတာဘာဖြစ်လို့တုန်း..နဂိုလည်းစာလိုက်မလုပ်ဘဲအိပ်နေတဲ့သူကများ..
Ni_Ki-ပြဿနာကငါမဟုတ်ဘူးဟ..ဂျေးဟျောင်းလွယ်အိတ်ကြီးမှားယူလာတာ သူ့ရဲ့စာရွက်စာတမ်းတွေကအရေးကြီးတယ်
Author-နင့်စာကရော..
Ni_Ki-စာဆိုတာပကာသနတွေပါ..
ဖတ်...
ထိုအချိန်မှာအနောက်ကနေ ခေါင်းကိုဖြတ်ရိုက်ခံလိုက်ရတော့တယ်။
"အား....ယန်မြောင်မြောင်.."
"မင်း ဟိုနေ့ကငါ့ကိုတစ်ယောက်ထဲ သူစိမ်းအကိုကြီးနဲ့ထားခဲ့တာလေ.."
နီခီတစ်ချက်ပြန်စဉ်းစားကြည့်လိုက်မှ
ဟုတ်သား...သူဂျိတ်ခ်ဟျောင်းကိုအဆင်ပြေအောင်ကူညီပေးရင်းနဲ့ ဂျောင်ဝန်းကိုသူမေ့သွားတာဘဲ..
"ဟုတ်သားဘဲ ဆောရီး ယန်ဂျောင်ဝန်း"
"ချီးကိုဆောရီး.."
"ဟာ မင်းကလည်း.."
"ဒီလိုလုပ် နီခီ...မင်းရဲ့အဲ့အကိုနဲ့ငါ့ကိုချိတ်ပေးပါလားဟင်.."
ဖွီး...........
နီခီတစ်ယောက်သောက်လက်စရေတောင်သီးသွားခဲ့တယ်။
"ဘယ်လို ဘယ်လို ဂျေးဟျောင်းနဲ့ချိတ်ပေး ဟုတ်လား"
"ဟုတ်တယ်.."
"မင်းဘယ်လိုမျက်လုံးနဲ့ကြည့်လိုက်တာလဲ.."
"ဒီလောက်ချောတဲ့အကိုကိုကွာ..."
YOU ARE READING
Life is not a drama
Fanfictionဘဝက ဇာတ်ကားထဲကလိုဖြစ်မယ်လို့ထင်နေရင်သင်မှားသွားပါလိမ့်မယ်