ဒီနေ့က ကျတော့်အသင်းလေ အဂ်ါနေ့တိုင်းပေါ့
ကျတော်ထမလို့အားယူကာရှိသေးသည် ကျတော့်ရဲ့ညာဘက်ခြေထောက်ဟာ အလွန်ကိုက်ခဲနေသည်
ကျောင်းသွားဖို့အတွက်အရမ်းခက်ခဲနေသည်"ထယ်လေး အိမ်ရှေ့မှာမင်းသူငယ်ချင်းရောက်နေတယ်"
"ဟုတ်omma"
ကုတင်ပေါ်ကနေအားယူကာ အိမ်ရှေ့ကိုထွက်ကြည့်တော့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင်ဖစ်ခဲ့သည်
စီနီယာက ကျတော့်အိမ်ဘာလာလုပ်တာလည်း အစောကြီးပဲ
နေပါအုံး သူ့အသင်းလည်းမဟုတ်ပဲနဲ့ သူ့အသင်းကမနက်ဖြန်လေ"Taehyung သက်သာလား"
"နည်းနည်းပါ"
Taehyung လိမ်နေတာကို ကျတော်ကောင်းကောင်းသိ
သည် သူ့ညာဘက်ခြေထောက်မှာယောင်ကိုင်းလို့ အဲ့တာကိုလိမ်နေသေးသည်"ခြေထောက်က ယောင်နေတာကိုသက်သာတယ်လုပ်နေတာ"
"ရပါတယ် ကျတော်အဆင်ပြေပါတယ်"
"ဒီနေ့မင်းအသင်းမို့လား မြန်မြန်ပြင်ဆင်ပြီးဆင်းခဲ့ ငါနဲ့သွားမယ်"
"ဗျာ ရပါတယ်ကျတော့်ဘာသာကျတော်"
"လျှာမရှည်နဲ့ ငါလိုက်ခဲ့ဆိုလိုက်ခဲ့"
စီနီယာထွက်သွား ကျတော်အခန်းပေါက်၀မှာ ရပ်ရပ်ကြီးကျန်ခဲ့သည် အိမ်မက်များ မက်တာလားဆိုပြီး ကိုယ့်ပါးကိုယ်တောင်၁၀ချပ်လောက်ရိုက်လိုက်သေးသည်
"လာကားပေါ်တက်သွားမယ်"
"ဟုတ်"
ကျတော်taehyungကိုကြည့်လိုက်တော့ တကယ့်ကလေးလေးပင် ခြေထောက်ကို တစ်ချက်ကြည့်မိတော့ ဆရာသမားက ဆေးတောင်မလိမ်းဘူး တော်တော်ခေါင်းမာတာပဲ
"ဘာလို့ဆေးမလိမ်းတာလည်း"
"ဗျာ ဘယ်ဟာကိုလည်း"
"မင်းခြေထောက်ကို"
"ရပါတယ် အချိန်တန်ရင်ပျောက်သွားမာပဲကို"
"မရဘူးလာ ငါလိမ်းပေးမယ်"
ခြေထောက်သွယ်သွယ်လေးကို သေသေချာချာဆေးလိမ်းပေးကာ ပတ်တီးစည်းပေးလိုက်သည်