P(8)

63 4 0
                                    

ကျောင်းတက်မဲ့နေ့ကိုပြန်ရောက်လာလေပြီ ထုံးစံအတိုင်း ဟိုငိုးမသာကြီးနဲ့လာရသည်

"ဘေဘီ ကိုယ်သွားတော့မယ်"

"အင်း သွားတော့"

နေ့လည် မုန့်စားကျောင်းဆင်းတော့

"အားလုံးပဲ တစ်ခုလောက်ပြောချင်တယ် ခုမင်းတို့ရှေ့မှာ မြင်နေရတဲ့ Kim taehyung ကအခုဆိုငါ့အပိုင်ဖြစ်သွားပြီမို့ သူ့ကိုJeon taehyung လို့ကြ"

"ဝါးးးဒါဆိုစီနီယာနဲ့ taehyung နဲ့ကတွဲနေကြပြီပေါ့"

"right ဟုတ်တယ်နော်ဘေဘီ"

"ရှက်စရာကြီး"

အုတ်နံရံထောင့်တွင်ကွယ်ကာ ကြည့်နေသော Kim yunarမှာ မျက်ရည်များကျဆင်းကာ ဒေါသတွေအလိပ်လိပ်

"Kim taehyung Kim taehyung ငါ့နင့်ကိုအတန်အတန်ပြောရဲ့ နင့်လိုငမွဲကောင် စီနီယာနဲ့တွဲနေတယ် ဟားဟား ငါ့အကြောင်းနင် ကောင်းကောင်းသိစေရမယ်"

နေ့လည်ခင်းအားလပ်ချိန်တွင်Taehyungဟာ စာကြည့်တိုက်ထဲတွင် စာဖတ်နေရတုန်း

"Kim taehyung!!"

"အွန်းပြောလေ"

"နင့်ကိုငါဘယ်လိုပြောထားလည်း စီနီယာနဲ့မပတ်သက်ပါနဲ့လို့"

"ပတ်သက်တော့ကော မင်းလေးကဘာဖြစ်ချင်လည်း ကိုယ်နဲ့ဘေဘီနဲ့ တွဲနေတာကိုမနာလိုလို့လား ခလေးမ"

"စီ စီနီယာ ဘယ်လိုလုပ်ရောက်လာတာလည်း"

"ငါက ငါ့ကောင်လေးဘယ်သွားသွားအနောက်ကနေလိုက်ကြည့်နေတာမို့လို့ မင်းဒုက္ခပေးချင်ရင်တောင် လွယ်လွယ်နဲ့ပေးလို့မရဘူး Kim Yunar"

"စောင့်ကြည့်နေလိုက်ပါ ဒီသတင်းကို Jeon Company စီသွားဖွပြမယ်"

"မင်းပဲအာညောင်းလိမ့်မယ် ခလေးမ"

စိတ်တိုတိုနဲ့ ထွက်သွားသော သူ(မ)ကို taehyung နားမလည်ပေ

"‌Jungkook"

"ပြော Jeon babe"

"မင်းအဖေသိသွားရင်ဘယ်လိုလုပ်မလည်းဟင်"

"သိတော့ရော ဘာဖစ်လည်းဘေဘီရာ"

"မဟုတ်သေးဘူးလေ မင်းကချမ်းသာတဲ့လူတစ်ယောက်လေ ငါ့လိုဆင်းရဲ့တာနဲ့မသင့်တော်ဘူး ပြီးတော့ယောင်္ကျားလေးချင်းလေ"

"ဒယ်ဒီကမင်းကိုယူလို့ သားအဖြစ်ကနေအမွေစွန့်လွှတ်မယ်ဆိုရင်တောင် ဒီကောင်ကငြင်းဆန်မှာမဟုတ်ဘူး သူတို့မင်းကိုမလိုချင်ရင်တောင် ကိုယ်လိုချင်တယ် သူတို့မင်းကိုဘယ်လိုတွေပြောနေပါစေ မင်းရှေ့ကနေဦးတည်ပြီးကာကွယ်ပေးမှာဒီကောင်ပါ"

"ဟုတ်ပါပြီ ဒီကောင်ရယ်"

ညနေကျောင်းဆင်းတော့ Jungkook ဖုန်းမှ ဖုန်း၀င်လာခဲ့သည် ထိုသူက

"အင်း ဒယ်ဒီ ပြော"

"မင်းငါ့ရုံးခန်းထဲကို ခုချက်လာခဲ့"

ရုံးခန်းထဲကိုရောက် ဒယ်ဒီလက်သီးက အရင်ကျတော့်ကိုစီးကြိုခဲ့တယ်

"သားငမိုက်"

"အင်း"

"မင်းအဲ့လောက်ထိတွဲစရာလူရှားနေတာလား"

"မရှားဘူးဒယ်ဒီ"

"ဘာလို့ ယောင်္ကျားလေးချင်းတွဲသလဲ ငါ့မျက်နှာကိုဘယ်နားသွားထားရမှာ အသိုင်းအဝိုင်းတွေကြားထဲ ငါဘယ်လိုနေရမှာလည်း ဘယ်နှယ့်ကွာ မင်းကနောင်တစ်ချိန် ဒီ company ကိုဦးစီးရမှာလေ company ရဲ့ceoက ယောင်္ကျားအချင်းချင်းချစ်ကြိုက်နေပါတယ်ဆိုပြီး ၀န်ထမ်းတွေရဲ့ ဟားတိုက်ခြင်းကိုခံရမှာ"

"သားအဖြစ်အမွေဖြတ်စွန့်လွှတ်လိုက်လေ"

"ဆင်းရဲသားလို လူမျိုးတစ်ယောက်အတွက်နဲ့ ဖအေ့စေတနာကိုစော်ကားတဲ့ကောင်"

"ဒယ်ဒီပြောလို့ပြီးရင် သားသွားတော့မယ်"

"သားငမိုက် သမီးယူနာနဲ့ မင်းကိုမြန်မြန်စေစပ်ပေးတော့မယ်"

"စေ့လည်း‌မစေ့စပ်နိုင်သလို ယူလည်းမယူနိုင်ဘူး"

"မင်း!!"

"သွားလိုက်ပါအုံးမယ် Jeon JungMinရှီး"




မနေ့ညက တင်မလို့ အိပ်ပျော်သွားတာ ဒီနေ့လည်းအပြင်သွားနေတော့ ခုမှတင်ရတယ် voteလေးတွေပေးခဲ့ကြအုံးကွာ

#Van

𝐌𝐘 𝐂𝐑𝐔𝐒𝐇 Where stories live. Discover now